Ep-1

770 22 2
                                    


"Hello"

Messengerကဝင်လာတဲ့စာတိုတစ်ခု။ တိတ်ဆိတ်နေတဲ့ကျွန်တော့်နေရက်တွေထဲ တစ်ခုတည်းသောဆူညံမှုလေး။ စိတ်အနှောက်ယှက်လို့အမြဲမှတ်ယူထားပေမဲ့ မရှိတော့မှာကြောက်မိတဲ့ ကလေးမတစ်ယောက်။

ဝင်လာတဲ့notiကို မသိချင်ယောင်ဆောင်ပြီး လုပ်လက်စအလုပ်ကိုဆက်လုပ်လိုက်တယ်။

"အလုပ်ကပြန်ရောက်ပြီ ကိုကို။ ဒီနေ့လည်း မန်နေဂျာပေးတဲ့ဖိအားကို သည်းခံပြီး ကောင်းကောင်းဖြတ်ကျော်ခဲ့ပါတယ်နော်။"

ထပ်ဝင်လာတဲ့စာတိုကြောင့် မျက်ခုံးတွန့်လိုက်မိတယ်။ ကျွန်တော့်နေရက်တွေထဲ ဒီကလေးမရဲ့တစ်နေ့တာကို အလိုလိုသိနေရခြင်းက ပုံမှန်လိုပါပဲ။ သူမရဲ့မပျော်ရွှင်တဲ့အစိတ်အပိုင်း၊သူမရဲ့သူငယ်ချင်းတွေစနောက်ခေါ်တဲ့နာမည်ပြောင်ကအစ ကျွန်တော်သိနေရခြင်းတွေပါပဲ။ ဒီကလေးမကရိုးစင်းတယ် ဖြူစင်တယ်။

ဒီလိုကလေးမက ဆယ်စုနှစ်တစ်ခုလောက်ကြီးတဲ့ ကျွန်တော်လိုကောင်ကို နှစ်သက်မိတာတစ်ခုမှလွဲရင် အတော်လေးပြစ်ချက်ကင်းတဲ့ကလေးမပါပဲ။
အချစ်ဦးကိုအသည်းထဲစွဲနေတဲ့ ကျွန်တော့်အတွက်တော့ ဒီကလေးရဲ့ကြိုးစားမှုက အသုံးမဝင်ဘူးလေ။

"ညစာစားဖို့မမေ့နဲ့နော် ကိုကို။ စောစောလည်းအိပ်အုံး ပြီးတော့ အတွေးမလွန်နဲ့။ နှောင်းကအများကြီးချစ်ပေးမှာမို့ ဒီနေ့လည်းစိတ်ချလက်ချ အနားယူလို့ရတယ်နော်"

ထပ်ဝင်လာတဲ့စာတို။
ကဲကြည့် ဒီကလေးမဒီလိုဗျ။ ကျွန်တော့်ရဲ့မသိချင်ယောင်ဆောင်မှုကိုတောင် အပြစ်မမြင်ပဲ သူအလိုလေးအတိုင်းဆက်ပို့နေတာ။

"လွမ်းလိုက်တာ ကိုကို။ လွမ်းလို့ရူးရတော့မလားပဲ။ "

"ကိုကိုကလူဆိုးကြီးပဲ အမြဲအလုပ်မအားတာတော့ လွန်လွန်းပါတယ်။ နှောင်းကိုပေးစရာအချိန်မရှိတာက ကိစ္စမရှိပေမဲ့ ကိုယ်တိုင်ကိုတော့ဂရုစိုက်မှပေါ့။ အခုတော့ အလုပ်ထဲပိနေတာများ။"

"စိတ်ပူပေးရတဲ့လူကြီးတစ်ယောက်ဖြစ်နေတာ ကိုကိုသိရဲ့လား။ ဖေဖေကလွဲရင် စိတ်မချရတဲ့အမျိုးသားဆိုလို့ ကိုကိုပဲရှိတာမို့ ကိုယ့်ကိုကိုယ်တော့ ဂရုစိုက်ရမယ်နော်။ အခုလောလောဆယ်တော့ ကိုကို,ကိုပဲ အားကိုးပါရစေ။ နှောင်းရဲ့ကိုကို,ကို ဂရုစိုက်ပေးပါအုံး"

He belong to MeWhere stories live. Discover now