Ep-6 (end)

731 18 4
                                    


"ကလေး"

ဖုန်းတစ်ဖက်မှကြားရတဲ့ ကိုကို့အသံက တည်တည်ငြိမ်ငြိမ်။

"ဟုတ် ကိုကို"

"ညစာစားပြီးပြီလား။ ရာသီဥတုကရော အရမ်းအေးနေလား"

"ဟုတ် စားပြီးပါပြီ။ ရာသီဥတုကတော့ နေလို့ကောင်းတဲ့အနေထားထက် နည်းနည်းလေးပိုအေးရုံပါပဲ။ ကိုကိုရော ညစာစားပြီးပြီလား။"

"စားပြီးပြီ ကလေးရဲ့။ ဒီနေ့အိမ်အပြန်မှာ သူငယ်ချင်းတွေနဲ့ ဆိုင်ဝင်စားခဲ့တာ။ သူတို့ကတောင် ကလေးမနဲ့တွေ့ချင်တယ် ပြောနေကြသေးတယ်"

"တွေ့လို့ရတာပဲ ကိုကိုရဲ့။ နောက်ရက်ဆို ခရစ္စမတ်ပွဲတော်ရှိတာပဲလေ။ ကိုကိုတို့သူငယ်ချင်းတွေစုပြီး တစ်ခုခုလုပ်စားလို့ရတာပဲ။ နှောင်းကပိတ်ရက်မတိုင်ခင် ပြန်ရောက်မှာဆိုတော့ လိုအပ်တာတွေဝယ်ဖို့ အချိန်လည်းရတယ်။"

"အင်း ကလေးအဆင်ပြေတယ်ဆို ကိုယ်သူတို့ကို ကြိုပြောထားလိုက်မယ်လေ။ အချိန်ဖယ်ထားလို့ရအောင်"

"ဟုတ်ကဲ့။ အာ့ဆို ဖုန်းချလိုက်တော့မယ်နော်။ အလုပ်လေးတွေလက်စသတ်ချင်လို့။"

နာရီကြည့်မိတော့ ည၉နာရီ။ ဒါအနားယူရမဲ့အချိန်မဟုတ်လား။

"အခုချိန်ထိတောင်လား။ အလုပ်ကမနားသေးဘူးလား ကလေးမရဲ့"

"အနားယူချိန်ပါ ကိိုကိုရဲ့။ ဒါမဲ့လုပ်စရာတွေက များလို့ နည်းနည်းအားစိုက်နေတာ။ အလုပ်ခရီးက အများဆုံးလေးရက်ပဲဆိုပေမဲ့ အလုပ်ကနည်းနည်းများနေလို့ မပြတ်မှာစိုးတာ။"

"အရမ်းညဉ့်မနက်စေနဲ့နော်။ စောစောလေးအနားယူ ပြီးတော့ နွေးနွေးထွေးထွေးလေးအိပ်။"

"ဟုတ်ကဲ့ ကောင်းသောညပါ ကိုကို။ အိပ်မက်ထဲ နှောင်းကိုထည့်မက်နော်။ "

"အင်း ဟုတ်ပါပြီ။ "

"ကိုကို ခန!"

"အင်း ပြောလေ"

"ချစ်တယ်နော်။ အာဘွားယူအုံးမလား"

"အင်း အများကြီးလိုချင်တယ်"

"ဟီး . . ကိုကိုအရမ်းချွဲတတ်လာတယ်နော်။ အာဘွားပါ ကိုကို"

"ကိုကိုကတော့ မပေးတော့ဘူး အကြွေးမှတ်ထားလိုက်နော်။ အိမ်ပြန်ရောက်မှ အတိုးရော အရင်းပါဆပ်မယ်"

He belong to MeWhere stories live. Discover now