Ep-5

439 15 0
                                    


ကျွန်တော် ကြိုးစားတည်ဆောက်နေတဲ့ဘဝကို ဒီလိုနည်းနဲ့ မမကထပ်ဖျက်ဆီးချင်နေတာလား။ မသေရုံနဲ့ နှစ်တွေကြာအောင် ခံစားခဲ့ပြီးရင် လုံလောက်ရောပေါ့။

"မမက ကျွန်တော့်အိမ်ကို ဘာအကြောင်းကိစ္စနဲ့ ရောက်လာတာပါလဲ"

"ကိုနေကလည်း မမကို အိမ်ထဲအရင်ခေါ်ပါအုံး။ ကလေးမလေးကတောင် သိတတ်သေးတယ်"

ကျွန်တော့်လက်ကို ခပ်နွဲ့နွဲ့လာမှီတွယ်တဲ့လက်အစုံကို ဖြုတ်ချပြီး မကောင်းတတ်လို့ဆိုတဲ့ လူကျင့်ဝတ်အရ အိမ်ထဲကြွဖို့ဖိတ်ခေါ်ရပါတယ်။

"ကြွပါ"

ခြံထဲဝေ့ဝိုက်ကြည့်ရင်း ထိုအမျိုးသမီးပြောလာသည်က

"ကိုနေရဲ့အိမ်က အရင်ကနဲ့ သိပ်မကွာဘူးပဲ။ ခြံထဲပန်းပင်လေးတွေ များလာတာကလွဲရင် အကုန်အရင်ကအတိုင်းပဲ"

အပင်တွေသိပ်ချစ်တတ်တဲ့ကလေးမက အားလပ်ရက်ရရင် ရသလို အပင်တွေပျိုးတတ်ပါတယ်။ ကလေးမကြောင့် အိမ်ကအသက်ဝင်လာသလို လေထုကလည်းသန့်စင်လာတာ။

"မတူပါဘူး။ အရင်ကအိမ်မှာ အိမ်ကြီးရှင်မရှိဘူးလေ။ အခုကျွန်တော့်အိမ်ကြီးရှင်လေးရှိနေပြီ"

အမျိုးမျိုးသောစိတ်မကြည်စရာတွေအချိန်တွေမှာတောင် ကလေးမကတော့ စိတ်အေးကြည်သာလေး။

"အယ် ကိုနေရယ်။ မသိရင် သိပ်ချစ်လို့ လက်ထပ်ထားတယ်လို့ သူများတွေကထင်နေကြအုံးမယ်။ "

ခပ်ရိရိစကားက ကျွန်တော့်လက်သီးစုတ်ကို တင်းခနဲဖြစ်သွားစေတာများ။ ဒီနေ့ဒီအချိန်မတိုင်ခင်အထိ ဘယ်အမျိုးသမီးအပေါ်ကိုမှ ဒေါသအမျက်မထားခဲ့တာ မှန်သောသစ္စာ။

"ကျွန်တော်သိပ်ချစ်လို့ ရအောင်လက်ထပ်ထားတာ။ ကျွန်တော်ကိုယ်တိုင် မြတ်နိုးလွန်းလို့ တရိုတသေတင်တောင်းလက်ထပ်ထားတဲ့ ကျွန်တော့်ဇနီးပါဗျ။"

ဘယ်သူကမှအလုံးစုံးမသိသလို ဘယ်သူ့ကိုမှလည်းအသိမခံခဲ့တဲ့ ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုတွေက ကလေးမကို ပိုင်ဆိုင်ဖို့တစ်ခုတည်းအတွက်သာ။ ကလေးမရဲ့အဖေထံ အယူခံဝင်ခဲ့ရတဲ့ရက်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့စစ်ဆေးမှုတွေက ယောက္ခကြီးနဲ့ကျွန်တော့်ကြားက လျှို့ဝှက်ချက်တစ်ခုပါပဲ။ ယောက်ျားတစ်ယောက်ရဲ့ကတိစကားအရ ဘယ်သူ့ကိုမှမပြောခဲ့ခြင်းသာ။

He belong to MeWhere stories live. Discover now