Extra

166 8 1
                                    


socialသိပ်မသုံးတတ်တဲ့ကိုကိုက သုံးတဲ့အချိန်အနည်းစုမှာလည်း ကြောင်ချစ်သူများgpထဲမှာပဲအချိန်ကုန်တတ်တယ်။ တစ်ခါတစ်လေဆို ကလေးပုံလေးတွေနဲ့​​​ကြောင်ပုံလေးတွေကိုသိမ်းထားတတ်တယ်။ သူ့ဖုန်းထဲနှောင်းဓာတ်ပုံအပြင် ကြော​င်ပုံနဲ့ကလေးပုံတွေပဲရှိတဲ့အထိ။

အခုလည်းရှားရှားပါးပါးပိတ်ရက်မှာ နှစ်ယောက်သားအချိန်အတူကုန်ဆုံးကြတော့မှ ကိုကိုကသူသိမ်းထားတဲ့ကြောင်ပုံလေးတွေကို နှောင်းကိုပြလိုက် သဘောတကျရယ်လိုက်နဲ့ကြည်ကြည်စင်စင်။

"ကိုကို"

"ဟင်"

"ကိုကိုကြောင်ချစ်တယ်မလား နှောင်းတို့တစ်ကောင်လောက်မွေးကြမလား။"

လက်ထပ်ပြီးနောက်ပိုင်းမှာ ကိုကို့အပြုံးကပိုပိုပြီးနွေးထွေးကြည်စင်လာတယ်။ အခုလည်းခပ်ဖွဖွပြုံးပြီး နှောင်းဆံစတွေထဲနှာနစ်ပစ်နေသေးတာ။ သူ့ရင်ခွင်ထဲထည့်ထားတဲ့နှောင်းကိုအားမရသလို ဖျစ်ညှစ်နေရင်း ပါးနဲ့နားသယ်စပ်တွေထိ သူ့နှုတ်ခမ်းတွေနဲ့ကျူးကျူးကျော်ကျော်။

"ကလေးနဲ့ကြောင်မွှေးကဓာတ်မတည့်ဘူး​လေ။ မမွေးပဲနေကြရအောင် ကိုကိုကကြောင်ချစ်တယ်ဆိုပေမဲ့ ကလေးကိုပိုချစ်တာ။"

နှောင်းကအမေးသဘောနဲ့ရွေးချယ်ခိုင်းသမျှကို ကိုကိုကသူ့သဘောအတိုင်းတိတိပပငြင်းဆိုတယ်။

"ဟုတ်ကဲ့"

ကြောင်နဲ့ဓာတ်မတည့်တဲ့အကြောင်း ကိုကိုပြောမှလက်ထပ်ပြီး​နောက်ရက်ပိုင်းလောက်အချိန်ဆီ အတွေးကပြန်ရောက်သွားမိတယ်။

အဲ့တုန်းကကိုကိုနဲ့သူ့ကြားက လေထုကသိပ်ငြိမ်သက်ပြီးအေးစက်လွန်းခဲ့တယ်မလား။ တစ်နေ့လုံးကိုယ့်အလုပ်နဲ့ကိုယ်လည်ပတ်နေကြပြီး အိမ်ပြန်ရောက်ရင်တောင် စကားသိပ်နည်းခဲ့ကြတာ။ စကားနည်းတာထက်ပြောစရာမရှိတာမျိုးများလား။ တစ်ယောက်နဲ့တစ်ယောက်စကားလုံးဝမစရဲခဲ့ကြတဲ့အချိန်ကာလတွေမှာ ကိုကို့အချိန်တွေကိုဘေးအိမ်ကကြောင်လေးကပြည့်ပြည့်ဝဝအပိုင်ယူခဲ့တာလေ။

ကိုကို့ရှေ့မှာကြောင်နဲ့တစ်ခါလောက်ကစားပြီးနောက် ပြင်းပြင်းထန်ထန်ဓာတ်မတည့်မှုဖြစ်ခဲ့တာကြောင့် ကိုကိုကကြောင်တွေနဲ့လုံးဝမကစားတော့ဘူး။ အိမ်အနီးနားမှာရှိတဲ့ပိုင်ရှင်မဲ့ကြောင်တွေအကုန်လုံးကိုလည်း ကြောင်ဂေဟာတွေ မွေးချင်တဲ့သူတွေဆီအကုန်လိုက်ပေးပစ်ခဲ့တာကို သတိရမိသေးတယ်။

He belong to MeWhere stories live. Discover now