အိမ်ပြန်ချိန်နဲ့ပတ်သတ်ရင် မစိုးရိမ်ဖူးတဲ့ကျွန်တော်က အခုတော့အိမ်ကိုအမြန်လှမ်းရသည်။ ပြန်မလာမချင်း အိမ်ဝမှာစောင့်နေတတ်တဲ့ကလေးမကို တားမရမှတော့ ကျွန်တော်ကိုယ်တိုင်က အချိန်မှန်မှရမယ်မလား။ စတိုးဆိုင်ကို ဝင်ရအုံးမှာမို့ ဆိုင်ကယ်လေးကို ခပ်မှန်မှန်မောင်းရင်း အတွေးက အိမ်ကကလေးမဆီ။
အချိန်အားဖြင့်ည၈နာရီကို အတော်လေးကျော်နေတာမို့ အိမ်ဝမှာ ခြင်ကိုက်မဲ့ကိုက်ခံနေမဲ့ကလေးမကို စိုးရိမ်မိတာတော့ အသေချာပဲ။ အတော်လေးနူးညံ့တဲ့အသားရေရှိပေမဲ့ တစ်ခါမှသေချာဂရုမစိုက်တတ်တဲ့ အဲ့ကလေးမကို ခပ်နာနာတစ်ချက်လောက် ပြေးရိုက်ချင်မိတော့တာပဲ။
စတိုးဆိုင်လေးထဲဝင် Baby mildအမှတ်တံဆိပ်ကိုsetလိုက်ဝယ်ပြီးပြန်ထွက်လာမှ ရပ်ကွက်ဥက္ကဌနဲ့တိုးတော့တာပဲ။
ခပ်ပြုံးပြုံးနဲ့ကျွန်တော့်ကို တစ်လှည့် လက်ထဲကbaby mild setကို တစ်လှည့်ကြည့်ပြီး
"အမလေး! မောင်ရင်နေခယံရဲ့ လက်ထပ်ထားတာ ရက်ပိုင်းလောက်ပဲရှိသေးတာကို ကလေးအသုံးအဆောင်တွေဝယ်စုနေတော့ လောနေပြီလား။"
ဘဝမှာတစ်ကြိမ်တစ်ခါမှ ဒီလောက်နေရခက်တာမျိုး မခံစားဖူးတာ တကယ်အမှန်။ ရှက်တယ်ဆိုတာထက် ကလေးသာ ဒီအဖြစ်ကိုသိရင် ကျွန်တော့်ကို မျက်နှာချင်းဆိုင်ပါတော့မလား။ ကျွန်တော်တို့က ကုတင်မျှသုံးနေတဲ့ အခန်းဖော်လောက်သာ ပတ်သတ်မှုရှိတာမလား။
"မဟုတ်ပါဘူးဗျာ။ အိမ်က,ကလေးရဲ့ . . အယ်.."
လူကြီးတွေရှေ့ခေါ်နေကြစကားက လွတ်ခနဲထွက်မိတော့ ကျွန်တော့်မှာရှက်အားပိုမိတယ်။ ဒါမဲ့လည်း မတတ်နိုင်ဘူးလေ။ ကျွန်တော့်ဘဝထဲ ဒီကလေးမစဝင်လာတည်းက တစ်ကိုယ်တော်အလွဲတွေ သူ့ကိုစိတ်မချရတာတွေ ကျွန်တော့်ကိုစိတ်လုံခြုံစေတာတွေ ခံစားဖူးတာမလား။
"ကျွန်တော့်အမျိုးသမီးရဲ့အသားအရေက ပုံမှန်အသုံးဆောင်တွေ သုံးမရဘူးဗျ။ နူးနူးညံ့ညံ့လေးမို့ အသားရေးကထိခိုက်လွယ်တယ်။သူသုံးဖို့အတွက်ဝယ်တာပါဗျာ။"
"အိမ်သူလေးကို အတော်လေးဂရုတစိုက်ရှိတာပဲကွ။ ငါ့တူကြီးကို လက်ထပ်ထားတဲ့ အဲ့ကလေးမအတော်ကံကောင်းသကို။ ကဲ အိမ်အမြန်ပြန်လိုက်အုံးကွ။ တော်ကြာ အပြန်နောက်ကျနေရင် အိမ်သူသက်ထား အသည်းကညှာလေးက စိတ်ပူနေရအုံးမယ်"
YOU ARE READING
He belong to Me
Romance"နှောင်းကိုယ့်ကိုယ်ကိုယ် ကိုကို့ဆီအပ်လိုက်တာ။ ကိုကိုကလက်မခံပေမဲ့ ကိုကိုကမကြည်ဖြူပေမဲ့ နှောင်းတကယ်ပေးအပ်ခဲ့တာ။ ကိုကိုတကယ်လက်ခံရရှိသွားတာကတော့ ဝမ်းသာစရာပဲ။ " နေခယံ♡နှောင်းယုယချို Start -24.2.2023(fri) End-11.10.2023(wed) . . . . Zawgyi Ver "ႏွောင္းကို...