Ep-3

426 18 0
                                    


"ကိိုကို"

"ဟင်"

အိပ်ရာထက်နေရာတကျလှဲနေတဲ့ ကျွန်တော့်ဘေးနားအသာလေးဝင်လှဲရင်း မျက်လုံးလက်လက်လေးနဲ့ ဒီကလေးမ။ ဘာကိုတောင်းဆိုမယ် ကျွန်တော်မသိပဲနေမလား။ အတူနေထိုင်လာတာ ရက်ပိုင်းလွန်လို့ လပင်ပြည့်တော့မယ် ဒီကလေးမရဲ့အကျင့်စရိုက်နဲ့ ကျွန်တော်က အမြဲအံ့ဝင်ခွင်ကျ။ ဒီလိုငြိတွယ်ရတာ။

"ဖက်ထားမယ်"

ရင်ခွင်ထဲနေရာတကျ ဒီကလေးမကတော့ မပူမအေး ခပ်နွေးနွေးလေးရယ်။ ဝင်သက်ထွက်သက်သေးသေးလေးက ရင်ဘက်အပေါ် တတိတိထိတွေ့လို့ အသည်းယားစရာဖွယ်ပါလေ။

"ကိုကို"

ရင်ခွင်ထဲကနေ ကျွန်တော့်ကိုမော့ကြည့်ပြီး စကားဆက်ပြန်တယ်။

"ပြောလေ ကလေးမရဲ့"

"ချစ်တယ် "

ဟာ... အူတွေအသည်းတွေ ပြန်ပြောင်းဖြစ်နေလောက်ပြီ။ ဒါဟာဒီနေ့အတွက် 45အကြိမ်မြောက် ချစ််တယ်ဆိုတဲ့စကား။ ဒီကလေးမက ထင်ထားတာထက် ရိုးစင်းလွန်းနေတာ။ တစ်ခါတစ်ရံကျ လူလည်မလေးဖြစ်နေပြန်ရော။

"အင်း"

ကျွန်တော်အများကြီးပြန်မပြောနိုင်။ စကားတွေများတဲ့အခါတုန်ရီနေမဲ့ ကျွန်တော့်အသံကို ကြိုတင်တွက်ဆမိပြီးသား။

"အများကြီးမှ အများကြီးချစ်တာနော်"

လက်ကလေးကို ဝိုင်းကာဝိုင်းကာပြောနေတဲ့ ဒီကလေးမကို ဆွဲဖက်နမ်းလိုက်ချင်တာများ။ ထိန်းထား ထိန်းထား နေခယံရေ။

"အင်း သိ . . တယ်"

ထွက်သွားတဲ့ကျွန်တော့်အသံက ကတုန်ကရီပါပဲ။ ထိန်းထားတဲ့စိတ်တွေ လွတ်မထွက်သွားခင် ကလေးမရဲ့နှုတ်ခမ်းမှ အကြည့်လွှဲရတယ်။

'နမ်းမိလိမ့််မယ် အကြည့်လွှဲသင့်ပြီ'တဲ့ ဒါသေချာနေတဲ့ကျွန်တော့်နှလုံးခုန်နှုန်းမှ ဦးနှောက်ထံအသိပေးတဲ့စကား။

စိတ်ကိုထိန်းကာ လွှဲတဲ့အကြည့်က ဖရိုဖရဲဆံနွယ်ကျော့ကျော့ထပ်ဝယ်။ ဟော . . ဒီကလေးမ လှနေပြန်တယ်။ အမြဲအစဉ်သင့်သလို ချည်နှောင်ထားတတ်တဲ့ဆံနွယ်လေးက အခုတော့ပြေကျလို့ လှလှပပ။

He belong to MeWhere stories live. Discover now