Diary: 1

272 31 28
                                    

Unicode

လူတွေမှာ သေတစ်နေ့၊မွေးတစ်နေ့ပဲ ရှိတယ်တဲ့။
ဒါဟာ ကျွန်တော့်အတွက်တော့ မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။

မွေးကတည်းက ခွဲစိတ်မှုအထပ်ထပ်ပြုလုပ်ခဲ့ရပြီး အောက်ဆီဂျင်ပိုက်အကူအညီနဲ့ အသက်ရှင်ဖို့ လေတောင်အငှားရှူနေရတဲ့ ကျွန်တော့်အတွက်တော့ နေ့ရက်တိုင်းဟာ သေဆုံးနေသလိုပါပဲ။

အဆုံးစီရင်လိုက်ဖို့အထိ သတ္တိမရှိတဲ့ဘဝပေမို့ နေ့စဥ်လုပ်ရမည့်အလုပ်တွေကိုတော့ မပျက်မကွက်လုပ်ဆောင်နေဆဲပေါ့လေ...။

သေမယ့်ရက်ကို အဆင်သင့်ထိုင်စောင့်နေတဲ့သူလို့ပဲပြောရမလား...။

ပန်းချီဆရာ Vincent Van Gogh ရဲ့ ပန်းချီတွေနဲ့ ပုံတူရေးခြစ်ထားသည့် ရုပ်ပုံကားချပ်များစွာနှင့် အခန်းလေးထဲမှာ ကျွ​န်တော်နေထိုင်သည်။

မှန်ပြတင်းတံခါးနားမှာ အပင်ငယ်လေးတွေ စိုက်ထားသည်။ လိုက်ကာတစ်လွှင့်လွှင့်အောက်က နေရောင်ခြည်က သူတို့အပေါ်ဖြာကျတဲ့အခါ အောက်ခံစဥ်ပေါ် ကျရောက်သည့် အပင်ငယ်၏အရိပ်ဟာ လှပသည်။

စာအုပ်စဥ်နှင့် တီဗွီ လည်းရှိသလို တစ်ခါတစ်ရံ ရေးခြစ်နေဖို့ ပန်းချီပစ္စည်းအလုံအလောက်လည်းရှိသည်။

တစ်ဖက်မှာတော့ ကျွန်တော်မွေးကတည်းကနေ ဒီနေ့ဒီရက်အထိ အသက်ရှင်သန်ဖို့ ကူပေးနေရသည့် စက်ကိရိယာအမျိုးမျိုးနှင့် သောက်ဆေးဘူးတွေအစီအရီထား,ထားသည့် ဆေးလှည်းလည်းရှိသည်။

အားလုံးကိုခြုံငုံကြည့်လျှင်တော့ ကျွန်တော့်အိမ်က ကျွန်တော့်အခန်းမှာတောင် ဒီလောက်ပြည့်ပြည့်စုံစုံရှိမနေပဲ ဆေးရုံခန်းကသာ အိမ်တစ်လုံးထဲကအခန်းတစ်ခုသဖွယ် ဖြစ်နေသည်။

အိပ်ရာပေါ်မှ တစ်ခန်းလုံးကိုခြုံငုံကြည့်ပြီးနောက် တစ်နေ့တာကို တစ်ကိုယ်ရေသန့်စင်ခြင်းက စတင်ရမည်။

ရေချိုးသန့်စင်ဖို့ရာအတွက် အဝတ်အစားများ မချွတ်ခင် ကိုယ်လုံးပေါ်မှန်တစ်ခုရှေ့တွင်ရပ်ကာ မိမိကိုယ်ကိုအကဲခတ်ကြည့်မိသည်။

ကောက်ကွေးကွေးဆံသားများအောက်တည်ရှိသည့် မျက်ခုံးတန်းများအောက်က အရောင်မှိုင်းနေသည့် မျက်ဝန်းတစ်စုံ...။ ထိုမျက်ဝန်းရဲ့မျက်ခမ်းအောက်​ခြေမှာ မှဲ့နက်လေးဟာ နေရာယူထားသည်။

𝙻𝚘𝚟𝚎 𝙳𝚒𝚊𝚛𝚢 {𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚢}[𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now