Diary: 2

148 19 18
                                    

Unicode

ရက်သတ္တပတ်တစ်ခုကုန်ဆုံးပြီးနောက် အခန်း၉၇က ဂျောင်ဂုမှာလည်း တိတ်ဆိတ်သွားပြိီး တစ်ယောက်ထဲသာ ဝှီးချဲလေးဖြင့် အခန်းထဲအချိန်ကုန်ဆုံးသည်။

သူသည်လည်း ဒီဆေးရုံမှာပဲ ကြာရှည်စွာနေထိုင်ရမည့် လူနာတွေထဲကတစ်ယောက် ဖြစ်ပေတော့မည်။

ဓာတ်ပုံအယ်လ်ဘမ်လေးအား ဖွင့်ကြည့်လေတော့ ဆုတံဆိပ်များစွာရခဲ့သည့် သူ့ငယ်စဥ်ဘဝပုံရိပ်များနှင့် ခါးပတ်များပုခုံးပေါ်တင်၍ ဂုဏ်ယူဝင့်ကြွားစွာ မှတ်တမ်းတင်ထားသည့်ပုံများအား ကြည့်ရင်း မျက်ဝန်းဝိုင်းဝိုင်းမှာ ငွေ့ရည်များဝေ့သီလာတော့သည်။

''ချန်ပီယံကြီး''

ခပ်သြသြအသံလေးနဲ့အတူ ပွင့်လာသည့်တံခါးကြောင့် ဂျောင်ဂုအယ်လ်ဘမ်ကိုသိမ်းကာ မျက်ရည်များကိုလည်း မျက်တောင်များဖြင့် ခပ်စိတ်စိတ်ပုတ်ခတ်လိုက်ရသည်။

''မင်း ရောက်လာပြန်ပြီ''

သူထိုသို့ပြောတော့ အခန်း၉၅က ပိုက်တန်းလန်းနဲ့ကောင်လေးရဲ့ အပြုံးကိုတော့ မမြင်ရပေမယ့် မျက်ဝန်းများကတော့ပြုံးရောင်သန်းနေသည်ကို မြင်လိုက်ရသည်။

''ခင်ဗျားမပျင်းဘူးလား။အပြင်ထွက်ချင်လား။''

ထိုကောင်လေးဟာ တစ်ပတ်လုံးလုံး ထိုစကားကိုသာပြောလေ့ရှိပြီး ကျွန်တော့်ကို သူနဲ့အတူအပြင်ထွက်ရန် ခေါ်လေ့ရှိသည်။

''ဟင့်အင်း...။ငါဒီမှာပဲနေမှာ။''

''ခင်ဗျားက သိပ်ပျင်းဖို့ကောင်းတာပဲ''

ထိုကောင်လေးဟာ အခန်းပတ်ပတ်လည်ကိုကြည့်ရင်း စိတ်ပျက်သလိုပြောလာသည်။

''ကျွန်တော်ပြန်ပါတော့မယ်။ ''

သူပုံခုံးပေါ်က အိတ်ကလေးကို ပြန်လွယ်ကာ ဂျောင်ဂုအား ​အရိုအသေပေးပြီး ထွက်သွားလေသည်။

ဝှီးချဲပေါ်က ဂျောင်ဂုကတော့ ထွက်သွားသည့် ကျောပြင်လေးကိုကြည့်ကာ အမျိုးအမည်ဖော်မရသည့် ရင်တွင်းမှလှုပ်ရှားမှုကို ခံစားလိုက်ရသည်။

အပြင်ကထယ်ယောင်းမှာတော့ ဂျောင်ဂုအခန်းရှေ့တွင် ခြေဆောင့်နေရင်း ပွစိပွစိလုပ်နေသည်။

𝙻𝚘𝚟𝚎 𝙳𝚒𝚊𝚛𝚢 {𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚢}[𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now