Diary: 5

143 19 14
                                    

Unicode

ဆေးရုံ၏အနောက်ဘက်ခပ်လှမ်းလှမ်းနေရာတွင် ပင်လယ်ပြင်ကြီးရှိသည်။

ဂျောင်ဂု သည်ဆေးရုံမှာ သည်လိုနေရာရှိနေမှန်း ထယ်ယောင်းခေါ်လာမှ သိရသည်။

အခန်းထဲနေလာရတာကြာတော့ အခုလိုအပြင်လောကရောက်ချိန်မှာ စိတ်တွေလန်းဆန်းသွားသည်ကို ခံစားမိသည်။

''ကျွန်တော်ဒီနေရာကို လာချင်ခဲ့တာကြာပြီ''

လက်နှစ်ဖက်ဆန့်တန်းကာ အောက်ဆီဂျင်ပိုက်ကိုဖြုတ်ရင်း သဘာဝလေကို တစ်ဝကြီးရှူရင်း ပြောလာသည့်ထယ်ယောင်း။

ပျော်ရွှင်နေသည်ဟုထင်ရသော်လည်း ထိုကောင်လေးမျက်ဝန်းတွေထဲ မှိုင်ထွေနေသည်ကို တွေ့မြင်ရပြန်သည်။

''ခင်ဗျားပင်လယ်လှိုင်းစီးတာကို ကျွန်တော်ကြည့်ဖြစ်ခဲ့တယ်''

အခုထက်ထိ မျက်နှာမူမလာပဲ ပင်လယ်ပြင်ကိုကြည့်ရင်းသာပြောလာသည်။

''ရှာကြည့်ခဲ့တာလား''

''အဲ့ဒါ ပျော်ဖို့ကောင်းလား''

''အင်း...ငါ့အတွက်တော့ စိတ်တွေပေါ့ပါးသွားသည်အထိ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရာပဲ''

ထိုအဖြေကြားတော့ အဓိပ္ပါယ်ဖော်မရသည့် မျက်ဝန်းတစ်စုံဖြင့် ​ငေးကြည့်လာပြီး ထယ်ယောင်းတစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

လူကြီးနှစ်ယောက်ကလည်ယ တိတ်ဆိတ်သွားသည်မို့ ကလေးပီပီ ပြေးလွှားဆော့ကစားခြင်းလည်း မပြုလုပ်နိုင်သည့် ဂျွန်ဆောင်းက ပင်လယ်ပြင်ကိုကြည့်ရင်း ပျင်းရိလာသည်။

''ထယ်ယောင်း ကျွန်တော်ပြန်တော့မယ် ဆေးသောက်ချိန်ရောက်ပြီ''

''အင်း...လီရာမေးရင် ငါဒီရောက်နေတယ်လို့ပြောပေး''

ကလေးက ထယ်ယောင်းစကားကိုခေါင်းငြိမ့်ပြပြီး ဂျောင်ဂုကိုတော့ အရိုအသေပေးကာ ထွက်သွား၏ ။

နှစ်ယောက်တည်းကျန်ခဲ့ချိန်မှာလည်း အတွေးများစွာနှင့် တိတ်ဆိတ်နေပြန်သည့် သူတို့နှစ်ဦး။

အချိန်အတော်ကြာသည်အထိ ပင်လယ်ပြင်ကို ငြိမ်သက်စွာငေးကြည့်နေသည့် ထယ်ယောင်းကို ဂျောင်ဂုကြည့်နေမိသည်။

𝙻𝚘𝚟𝚎 𝙳𝚒𝚊𝚛𝚢 {𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚢}[𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now