Diary: 4

134 15 13
                                    

Unicode

''ချန်ပီယံကြီး''

ဂျောင်ဂုရှိရာအခန်းသို့ ထုံးစံအတိုင်း တံခါးမခေါက်ပဲဝင်လာခဲ့သည့် ထယ်ယောင်း။

အထဲမှာတော့ ကုတင်လွတ်တစ်လုံးသာ ရှိပြီး တွေ့ချင်သူဟာတော့ ရှိမနေပေ။

ခင်မင်လာသည့်သက်တမ်းတစ်လျှောက်လုံး ဂျောင်ဂုဟာ ထယ်ယောင်းမပါပဲ ဘယ်ကိုမှမထွက်သွားဖူးပါ။ အခုဘယ်ကိုများရောက်နေသလဲ။ သိချင်စိတ်ဖြင့် ထယ်ယောင်းအခန်းထဲမှ ပြန်ထွက်ကာ အခန်းအရှေ့မှာရှိသည့် ကောင်တာဆီသို့ သွားလိုက်သည်။

''အစ်မအယ်ဟီး...''

''ပြောပါရှင်''

''အခန်း၉၇က ချန်ပီယံကြီးဘယ်သွားလဲ သိလား''

ကျွန်တော့်အမေးကို ကြားသည်နှင့် အစ်မအယ်ဟီးက အံ့သြသလိုဖြစ်သွားကာ

''ထယ်ယောင်လေး မသိသေးဘူးလား။ မနက်အစောကပဲ သတိလစ်နေလို့ အရေးပေါ်ခွဲစိတ်မှုလုပ်နေရတယ်လေ''

''ခင်ဗျာ...''

အစ်မအယ်ဟီးစကားကြောင့် အံ့သြမိလိုက်သလို ခြေထောက်တွေရဲ့ဦးတည်ရာဟာလည်း အရေးပေါ်အခန်းရှိရာဆီ...။

ချန်ပီယံကြီး၏ မိသားစုဝင်ဟုထင်ရသည့် အမျိုးသမီးတစ်ဦး ရှိနေပြီး မျက်ရည်များအဝဲသားနှင့် ခွဲစိတ်ခန်းကို တကြည့်ကြည့်လုပ်နေသည်ကို တွေ့ရသည်။

မကြာလိုက်သေးခင်မှာပဲ ခွဲစိတ်ခန်းတံခါးပွင့်လာပြီး ထွက်လာသည့် ဆရာဝန်က အစောက ငိုယိုနေသည့် အမျိုးသမီးအနားသွားကာ

''အသက်အန္တာရယ်ကနေတော့ ကာကွယ်လိုက်နိုင်ပေမယ့် သူ့ရဲ့အကြောသေတဲ့အခြေအနေက
ခါးကနေ ရင်ညွှတ်အထိ ရောက်သွားပါပြီ။''

ဆရာဝန်၏ စကားကြောင့် လဲကျသွားသည့် ထိုအမျိုးသမီးအား ထယ်ယောင်းအချိန်မှီ ထိန်းပေးလိုက်နိုင်ခဲ့သည်။

''ဖြစ်မှဖြစ်ရလေ ငါ့ကလေးလေးရယ် ''

ထိုအမျိုးသမီးကတော့ ထယ်ယောင်းပုခုံးတဖက်ကိုအားယူကာ ထိုင်ခုံမှာပြန်ထိုင်ရင်း ရှုံးပွဲချကို ငိုကြွေးနေလေ၏ ။

𝙻𝚘𝚟𝚎 𝙳𝚒𝚊𝚛𝚢 {𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚢}[𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now