Unicode
ညခင်းအချိန်မှာတော့ ကုတင်နှစ်ခုကိုဆက်ကာ ဂျောင်ဂုရင်ခွင်ထဲ တိုးဝှေ့ကာ အတူလှဲလျောင်းနေကြသည်။
''ခင်ဗျားရဲ့ရင်ခွင်ကလည်း နွေးတာပဲနော် မွှေးလည်းမွှေးတယ်''
ရင်ခွင်ထဲဝင်ကာ တရှုံ့ရှုံ့နမ်းရင်း ပြောလိုက်သည့်စကားကြောင့် ဂျောင်ဂုအသက်ထွက်ရယ်မောမိလိုက်ကာ
''ပိုးသတ်ဆေးနံ့တွေရောနေတာကို ဘယ်ကမွှေးမှာလဲ ကောင်လေးရဲ့''
''ကျွန်တော်ပဲရတဲ့ ခင်ဗျားရဲ့ကိုယ်သင်းနံ့ဖြစ်မယ်''
ထယ်ယောင်းရွှတ်နောက်နောက်ပြောလာသည့်စကားကြောင့် နှစ်ယောက်လုံးပြိုင်တူရယ်မောမိလိုက်သည်။
''မင်းကစကားသိပ်တတ်တယ်''
''ကျွန်တော်တို့ ဇာတ်ကားကြည့်ကြမလား''
''ဘာကားလဲ''
''Me before you တဲ့''
ထယ်ယောင်းlaptopနှင့်ကြည့်ဖြစ်ခဲ့သည့် ထိုဇာတ်ကားလေးထဲမှာ မင်းသားကဦးနှောက်အာရုံကြောထိခိုက်မှုကြောင့် အကြောသေရောဂါကို ခံစားနေရပြီး မင်းသမီးကဘေးကပြုစုပေးရသည့်ပုံစံလေးကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားသည်။
နောက်ဆုံးခန်းကိုကြည့်ပြီးနောက်မှာတော့
''ဇာတ်ကားကောင်းလေးပဲမလား''
ဂျောင်ဂုကခေါင်းသာငြိမ့်ပြသည်။
''ကျန်ခဲ့တဲ့သူက ရည်ရွယ်ချက်တွေအကောင်အထည်ဖော်ရင်း နေနိုင်သွားရင် ကောင်းမယ်။ အဲ့ဇာတ်ကားထဲကလိုပေါ့။''
ထယ်ယောင်းပြောလိုက်သည့်စကားကြောင့် ဂျောင်ဂုရင်ထဲတစ်မျိုးခံစားလိုက်ရသည်။
တစ်ခုခုကိုဆုံးရှုံးရတော့မည်ဟု ခံစားနေရသည်မှာ ဘာကြောင့်ပါလဲ။
''ကျွန်တော်မရှိတော့ရင်...သိက္ခာရှိရှိသေဆုံးခွင့်ကို မသုံးပဲ နေသွားပေးလို့မရဘူးလားဟင်''
မော့ကြည့်ကာ တောင်းဆိုသလိုပြောလာသည့်ကောင်လေး။
မရှိတော့ရင်ဆိုသည့်စကားဟာ ရင်ခွင်တစ်ခုလုံးကြေမွသွားသလို ခံစားရသည်ဆိုရင် ယုံနိုင်ကြမလား။
YOU ARE READING
𝙻𝚘𝚟𝚎 𝙳𝚒𝚊𝚛𝚢 {𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚢}[𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]
Fanficတွေ့ဆုံမှုဟာ ဝမ်းနည်းစရာလား? ကြေကွဲစရာလား? ကျွန်တော့်အတွက်တော့ လှပတဲ့ဒဏ္ဍာရီလေးပဲ ဖြစ်မယ်ထင်....။ Started date : December 7,2023. Ended date :December 11,2023.