"ကလေး"
"မမ မမလား"
"ဟော ကလေးကမမကိုမမှတ်မိဘူးလား"
"မ မဟုတ်ပါဘူး ဟင့် မမ မမကိုမတွေ့ရတာကြာတော့ ဟင့် အင့် မ မယုံနိုင်လို့ပါ "
"မမ ကလေးတောင်အရမ်းပြောင်းလဲနေပြီးဘဲ "
"မမ ကတော့ အရင်အတိုင်းဘဲ ချောဆဲ ဟီး"
"ဟားဟားအတတ်လေးဘဲ"
"ကလေး လိမ်လိမ်မာမာနေနော်"
"မမကလည်း ကလေးကလိမ္မာပြီးသားဆိုတာသိတယ်မလား"
"ဟုတ်ပါပြီးကွာ ဒါဆို မမသွားတော့မယ်နော် "
"ဟင် မမ ဘယ်သွားမှာလဲ ကလေးလိုကုံယ်လေ"
"..."
မမကဘာမှပြန်မပြောဘူး တဖြည်းဖြည်းliliနဲ့ဝေးသွားတယ်
"မမ မသွားပါနဲ့နော် မမ ကလေးလိုက်မယ်! ကျစ် ဒီခြေထောက်တွေဘာလို့ရွေ့မရတာလဲ"
Liliကြိုးစားနေပေမယ့် စိတ်သွားတိုင်းကိုယ်မပါခဲ့ မမကတော့liliနဲ့ဝေးတထက်ဝေးနေသွားပြီး မမြင်ရတော့ဘူး liliလည်းထိုင်ချပြီးငိုနေမိတယ် liliဘေးနားဘာမှမရှိတော့ဘူးအမှောင်ထုကြီးလွမ်းသွားပြီး
"မ မဖြစ်ဘူး မမ! Liliကိုမထားခဲ့ပါနဲ့ မမ !"
"Lisa! Lisa! "
" ဟမ်း ဟမ်း "
"နင်ဘာဖြစ်တာလဲLisa အော်သံကြားလို့ငါထကြည့်တာ နင်ရည်းစားဟောင်းကိုသတိရလို့လား"
Roseပြောမှကျွန်မအိမ်မက် မက်နေခဲ့မှန်းသိရ၍သက်ပြင်းချလိုက်မိတယ်
ညသန်ခေါင်ကြီးဆိုလ်ကိုရောက်လာ၍ အာပါးထားခဲ့တဲ့အမွေအိမ်ကိုမပြန်ဘဲ ဟော်တယ်တစ်ခု၌သာ တည်ခိုအနားယူအိပ်စက်ခဲ့ကြတယ် ပင်ပန်းတဲ့အရှိန်ရော ချစ်ရသူရှိတဲ့အမိမြေကိုပြန်ရောက်နေတာရော ပေါင်းပြီးမမကိုသတိရခြင်းဖြစ်မယ်လိုliliသတ်မှတ်လိုက်တယ်
ချယ်ယောင်းမေးတာကိုတော့liliခေါင်းခါပြီးငြင်းလိုက်မိတယ်
*မမ.....မမဘာတွေလုပ်နေလဲဟင်
ကလေးလေးဘဲမွေးထားမလား
ဒါမှမဟုတ်အရင်လိုလူတွေကြားထဲစတိုင်မိပြီးချေမိုးနေတဲ့သူလို့နာမည်ကြီးနေမလား
ဒါမှမဟုတ် မမတစ်ယောက်တည်းဖြစ်နေမလား...နိုးးနိုးး မဖြစ်နိုင်ဘူး ဒီတစ်ချက်တော့မဟုတ်လောက်ဘူး ဟုတ်တယ်မလားမမ ဟန့် မမကအဲ့တစ်ယောက်ကိုအရမ်းချစ်တဲ့ပုံဘဲ မမအိမ်ကြီးမှာliliနေတာမမအတွက်အခက်အခဲမဟုတ်တာတောင် အဲ့တစ်ယောက်ခွင့်ပြုချက်ကို ယူရအုန်းမယ်တဲ့လား ဟန့် liliမပိုင်ဆိုင်လိုက်ရတဲ့မမက သူ့ကိုသိပ်ချစ်သတဲ့လား *
BẠN ĐANG ĐỌC
Lili is mine🙂 (Complete)
Fanfiction"Lisa နင်ဘယ်တော့မှ ငါ့စကားကိုအတိအကျနားထောင်မှာလဲ အမြဲနမော်နမဲ့နဲ့ အပြစ်မဖြစ်တဲ့နေရာတနေရာမှမရှိဘူး" "ဟင့် liliလည်းနားထောင်တာပါဘဲ သူ့ဘာသာအပြစ်မြင်နေပြီးတော့" "ဘာ!" ..................... တောင်းဆိုထားတဲ့customized ficလေးပါ♥️" "Lisa နင္ဘယ္ေတာ့မွ ငါ့စကား...