"နင်ဒီဆေးရုံကိုမရောက်ခင်ဘာဖြစ်ခဲ့လဲမှတ်မိလား Jen"
" အင်"
မမ ထိုသိုပြောတော့လီလီပျော်သွားရတယ် သူ့ကိုကယ်ရင်းဖြစ်တာကိုမမမှတ်မိရင်သူ့ကိုပြန်မှတ်မိဖို့လွယ်တယ်လေ
"ပြောပြပါအုန်း"
"လမ်းကူးရင်ကားတိုက်မိတာ"
အဲ့အချိန်လီဆာမှာလောကနဲ့ယာယီအဆက်အသွယ်ပြတ်သွားရတယ်
____________
"လီဆာ နင်နိုးပြီးလား ထတော့ နင်အားပြတ်သွားတာ အကြောဆေးထိုးပေးထားတယ်နင့်ကို"
"ချယ် မမကော"
"အမဂျန်းက သူ့အခန်းမှာလေ"
"မမကလေ ငါ့ကိုတကယ်မမှတ်မိတော့တာလား"
ထိုအချိန်ဂျီကဝင်လာသည်
"လီလီ "
"အမဂျီ မမက လီလီ့ကိုတကယ်မေ့သွားတာလား"
"အင် ပြောရမှာတော့စိတ်မကောင်းဘူး ဂျန်းက နင်နဲ့ပက်သက်တာတွေကိုမေ့သွားတာ ပြောရမယ်ဆို သူ့အတိတ်မှာနင်မရှိခဲ့သလိုပေါ့ "
"ဒါ ဒါမဖြစ်နိုင်တာ မမပြောဖူးတယ် သူ သူ့ဘဝက လီလီဘဲတဲ့ ဟင့် လီလီကသူ့ဘဝလေ ဟင့် သူလီလီ့ကိုမေ့လို့မရဘူးလေ "
"စိတ်ကိုအေးအေးထားပါလီလီ "
"လီလီ မမနဲ့တွေ့မယ် "
"သူ့ကိုအရမ်းဖိအားပေးလို့မရဘူးလီလီ ခေါင်းကအနာမကျက်သေးဘူး ခေါင်းမူးတာသွေးအန်တာဖြစ်တတ်တယ်"
"ဟင့် လီလီ့ကို မမက မေ့လိုက်ပြီး ဟင့်"
"လီဆာရယ် နင့်ကိုပြန်မှတ်မိလာမှာပါ"
_____________
လီလီ မမဆီမရောက်တာသုံးရက်ရှိပြီး ညတိုင်းလည်းကောင်းကောင်းအိပ်မပျော်ဘူး
မမသတိရလာအောင်ဘယ်လိုလုပ်ရမလဲစဉ်းစားနေတာ*သိပြီး*
"လီဆာ နင်ဒီမှာဘာလုပ်နေတာလဲ "
"ချယ် ဟီး လာသွားကြမယ်"
"ဘယ်ကိုလဲ "
"မမဆီကိုပေါ့ဟ"
ထိုသို့ပြောကာ လီလီမမဆီကိုလာခဲ့တယ် အခန်းထဲရောက်တော့ မမကစာအုပ်ဖတ်နေတယ်
VOCÊ ESTÁ LENDO
Lili is mine🙂 (Complete)
Fanfic"Lisa နင်ဘယ်တော့မှ ငါ့စကားကိုအတိအကျနားထောင်မှာလဲ အမြဲနမော်နမဲ့နဲ့ အပြစ်မဖြစ်တဲ့နေရာတနေရာမှမရှိဘူး" "ဟင့် liliလည်းနားထောင်တာပါဘဲ သူ့ဘာသာအပြစ်မြင်နေပြီးတော့" "ဘာ!" ..................... တောင်းဆိုထားတဲ့customized ficလေးပါ♥️" "Lisa နင္ဘယ္ေတာ့မွ ငါ့စကား...