Part 18

1.7K 78 23
                                    

ဒိုင်း! ဒိုင်း !

ရုတ်တရက် သေနတ်ကိုင်ထားတဲ့ လူတစ်ချို့ရောက်လာကာ လီလီတို့ရှိတဲ့ဘက်ကိုသေနတ်နဲ့ပစ်လိုက်သည်

သို့သော် မမရဲ့ ကိုယ်ရံတော်တွေ‌က ဝင်ကာလိုက်သည်

"သူဌေး ဒီနေရာကအမြန်ထွက်မှရမယ် သူတို့ ဒီထပ်လူမစုမိခင်"

"သူတို့အားလုံးတစ်ယောက်မကျန်ရှင်းလိုက် နောက်ထပ်ဒီလိုဖြစ်တာကိုငါလက်ခံမှာမဟုတ်ဘူး ကလေး လာသွားရအောင် "

"မမ ဘာတွေဖြစ်နေတာလဲ"

ဂျန်းငှားထားတဲ့လူတွေကလည်း သေနတ်သံကြောင့် ပြေးလွှာနေကြသည် ဂျီနဲ့ ချယ်ကလည်း ဂျန်းတို့ရှိတဲ့နေရာကိုပြေးလာပြီး အတူကားပေါ်တက်လိုက်ကြတယ် ထို့နောက် ဂျန်းက

"ဂျီ ငါမောင်းမယ် "

ဂျန်းတို့ကားနောက်ကနေ အနက်ရောင် ငါကြီးတွေ ငါးဆီလောက် ထပ်ဆင့်လိုက်လာကြပြီး သေနတ်တွေနဲ့ ဂျန်းတို့ကားဆီဆက်တိုက်ပစ်နေသည်

ဒိုင်း! ဂလွမ်း!

လူကိုမထိဘဲ မှန်တွေကိုသာထိ၍တော်ကာကျတော့တယ် ဟု ဂျန်းကတွေးကာ သူမကိုယ်ရံတော်တွေကိုဆက်သွယ်တော့သည်

"လူတွေလွှတ်လိုက်ငါ့‌ကားနောက်မှာ ခွေးသားတွေပါလာတယ် "

"ဟုတ်ကဲ့သူဌေး"

ထိုအချိန်မှာ ဂျန်းဘေးနားထိုင်နေတဲ့လီလီက

"မမ ဘာတွေဖြစ်နေတာလဲဟင် "

"ဘာမှမဖြစ်ဘူးကလေး စိတ်မပူနဲ့အဆင်ပြေသွားမှာပါ

ဂျီတို့ဘယ်သူထိထားလဲ "

"ရတယ် ဂျန်း ချယ်ကော ငါကောအဆင်ပြေတယ် "

"ဆအး ခေါင်းတွေငုတ်ထား နင်တို့ခုံအောက်မှာ ကျည်ကာတွေရှိတယ် ဝတ်ထားလိုက် "

ထိုစကားကြောင့် ဂျီတို့လည်း ကျည်ကာတွေထုတ်ပြီး လီလီ့ကိုတစ်ခုပေးကာဝတ်လိုက်ကြတယ် လီလီက

"မမကော မဝတ်ဘူးလား"

"မမဝတ်ဖို့မှမအားတာ လီလီ မမကိုစိတ်မပူနဲ့ ဆက်ပြီးလည်းဘာမှမမေးနဲ့"

ထိုသို့ပြောတော့လီလီမှာ ဘာမှဆက်မပြောတော့ဘဲ ငိုင်ကျသွားတယ်

Lili is mine🙂 (Complete)Dove le storie prendono vita. Scoprilo ora