"အဒေါ်ကြီး "
"ဟင်"
ကွန်ပျူတာကိုဘဲအားရုံစိုက်နေတဲ့jisooကို ချယ်ကြည့်မရတော့ သူ့ကိုတနေကုန်ပစ်ပြီးအလုပ်ဘဲသွားနေပြီး ပြန်လာတော့လညး် ကွန်ပျူတာနဲ့မခွဲနိုင်မခွာနိုင်ဖြစ်နေ၍ဖြစ်သည်
"ကျစ် အဲ့စောက်ကွန်ပျူတာက ကျွန်မထက်အရေးကြီးသလား jisoo shiiii"
ထိုစကားကြောင့် jisooက နောက်လှည့်ကာမျက်မှောင်ကြုတ်ကြည့်လိုက်သည်
ထိုအခါ ချယ်ယောင်းမှာ တိုနေတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်မသိလိုက် ချက်ချင်းကြောက်စိတ်ဝင်လာရသည်
"ဘာပြောလိုက်တာလဲ ချယ်ယောင်း"
"ဟို မာမီက ကွန်ပျူတာဘဲကြည့်နေတာကို"(ချယ်တို့လေသံကိုက)
"တို့အလုပ်လုပ်နေတာလေ တို့ပြန်ထူးတယ်မလား"
"ဟုတ် "
"အဲ့တာကိုအကြီစကိုဘယ်လိုပြန်ပြောလိုက်တာလဲ"
Jisooရဲ့ တစ်လုံးချင်းပြောကာမေးတဲ့မေးခွန်းကြောင့် ချယ်ယောင်းမှာ မျက်ရည်ဝဲလာရသည်
"ဟင့် မာမီက ချယ့်ကိုဂရုမစိုက်ဘူး ဟင့် အလုပ်ဘဲလုပ်နေတယ် အီးဟီးး သူများကိုပစ်ထားတယ် မချစ်တော့တာမလား ပြန်မယ် ကျွန်မဘာသာ ကျွန်မဟိုတယ်ကိုပြန်မယ် "
"နေရာကနေရွေ့ရဲရွေ့ကြည့်!"
Jisooရဲ့အော်သံက နှစ်ယောက်တည်းရှိတဲ့အခန်းအတွက် လိုတာထက်ကိုပိုကျယ်နေခဲ့တယ် ထိုအော်သံကြောက့်ချယ့်မှာ ငိုနေတာလည်းလန့်ဖြတ်ကာရပ်သွားရသည် လှုပ်လည်းမလှုပ်ရဲတော့
Jisooကအလုပ်ကိုအားရုံပြန်စိုက်ကာလုပ်နေလိုက်သည်
တစ်နာရီကြာသည်အထိjisooအလုပ်လုပ်နေခဲ့တယ် ချယ့်မှာလည်း အသက်တောင်ကောင်းကောင်းမရူနိုင်ခဲ့ လှုပ်မိလို့ သူ့အမျိုးသမီးရဲ့လက်သံကိုသူသိတယ်လေ
တစ်နာရီအကြာမှာjisooက အလုပ်တွေကိုလက်စသတ်ကာ ချယ့်ဘက်လှည့်ကြည့်တော့ သူ့ကိုမျက်နာလွဲသွားတဲ့ချစ်ဪသူကြောင့် စိတ်ထဲတော့ချစ်စရာလေးလို့တွေးမိသွားတယ်
"ကဲ ဘာဖြစ်ချင်လဲ"
"......"
"မေးနေတာဖြေလေ"
YOU ARE READING
Lili is mine🙂 (Complete)
Fanfiction"Lisa နင်ဘယ်တော့မှ ငါ့စကားကိုအတိအကျနားထောင်မှာလဲ အမြဲနမော်နမဲ့နဲ့ အပြစ်မဖြစ်တဲ့နေရာတနေရာမှမရှိဘူး" "ဟင့် liliလည်းနားထောင်တာပါဘဲ သူ့ဘာသာအပြစ်မြင်နေပြီးတော့" "ဘာ!" ..................... တောင်းဆိုထားတဲ့customized ficလေးပါ♥️" "Lisa နင္ဘယ္ေတာ့မွ ငါ့စကား...