မွေးခန်းရဲ့ အပြင်ဘက်မှာပြာယာခတ်နေတဲ့jen သူမရဲ့မမွေးသေးတဲ့ကလေးရော ရှိနေပြီးသားကလေးကြီးရောကိုပါစိတ်ပူနေလျက် ထိုင်မရထမရ ဟိုလျှောက်ဒီလျှောက် jenကိုကြည့်၍ အာရုံနောက်နေသူကချယ်
"အမjen ထိုင်နေပါလား မျက်စိနောက်လို့"
"ဟမ်း ထိုင်နေရမယ့်အချိန်လား အေးဆေးထိုင်မနေနိုင်ပါဘူး "
"လီဆာအဆင်ပြေသွားမှာပါအမရယ်"
"အင်သိပါဆယ် ဒါပေမယ့် စိတ်ထဲတမျိုးကြီးဖြစ်နေလို့"
"ဘယ်လိုမျိုးတုန်း"
ချယ်မေးနေတုန်းမှာဘဲ မွေးခန်းထဲကသူနာပြုဆရာမတစ်ယောက်ကထွက်လာတယ်
"ဆရာမ ကျွန်မ မိန်းမအခြေအနေဘယ်လိုရှိလဲ"
"အဲ့တာကစောင့်ရအုန်းမယ် ကလေးအမေမှာက အားသိပ်မရှိဘူးဖြစ်နေတယ် ကလေးကိုသူညစ်မရဖြစ်နေတယ် ခနလောက်နေရင်အခြေအမေကြည့်ပြီးခွဲသင့်ခွဲရပါလိမ့်မယ် အခုတော့ကျွန်မကိုခွင့်ပြုပါအုန်း"
ဆရာမရဲ့စကားတွေကြောင့် jenမှာ ထိုင်ခုံပေါ်ပြိုလဲသွားရတယ် ဘေးကချယ်က
"ဘာမှမဖြစ်ပါဘူးအမ အဆင်ပြေသွားမှာပါ စောင့်ကြည့်အခြေအနေဘဲလေ "
"ငါ လီလီ့ကိုဆုံးရှုံးမခံနိုင်ဘူး"
လွန်းခဲ့တဲ့တစ်လလောက်က
"မမ တကယ်လို့ လီလီအသက်အန္တရာယ်နဲ့ကြုံလာရရင်....."
"ကြုံလာစရာအကြောင်းမှမရှိတာ"
လီဆာမမကိုရစ်မလို့ဟာကို မမကစကားကိုထိပ်ကနေပိတ်ချလိုက်တယ်
"ဟာ စကားဆုံးအောင်နားထောင်လေ"
"ဆပြာပြော"
"လီလီအသက်အန္တရာယ်နဲ့ကြုံလာရရင် ကလေးရယ် လီလီရယ် တစ်ယောက်ကိုဘဲ မမမှာရွေးခွင့်ရှိတော့မယ်ဆိုဘယ်သူ့ကိုရွေးမှာလဲ "
"သေချာပေါက် ကလေးလေးကိုပေါ့"
"ဟင် ဘယ်ကလေးလေးလဲ"
"ဒီဗိုက်ထဲကကလေးလေး"
"ဟာ"
"ဟုတ်တယ် မိန်းမကနောက်တစ်ယောက်ယူလို့ရတယ်လေ"
YOU ARE READING
Lili is mine🙂 (Complete)
Fanfiction"Lisa နင်ဘယ်တော့မှ ငါ့စကားကိုအတိအကျနားထောင်မှာလဲ အမြဲနမော်နမဲ့နဲ့ အပြစ်မဖြစ်တဲ့နေရာတနေရာမှမရှိဘူး" "ဟင့် liliလည်းနားထောင်တာပါဘဲ သူ့ဘာသာအပြစ်မြင်နေပြီးတော့" "ဘာ!" ..................... တောင်းဆိုထားတဲ့customized ficလေးပါ♥️" "Lisa နင္ဘယ္ေတာ့မွ ငါ့စကား...