အပိုင်း - ၂။
ရှောင်းကျန့် တုံ့ဆိုင်းမနေတော့ဘဲ အငွေ့တထောင်းထောင်းထနေတဲ့ဘေစင်ထဲကို လက်နှစ်ချလိုက်တယ်၊ အထဲမှာရှိနေတဲ့ရေက တော်တော်လေးပူသေးတယ်၊ ဒါပေမဲ့ အသံတစ်ချက်ပဲထွက်ညည်းပြီး လက်ကို ပြီးအောင် ဆက်ဆေးလိုက်တယ်၊ ဆပ်ပြာကလာတဲ့စံပယ်ရနံက ခဏအတွင်း အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားတယ်။
လက်ကို အဝတ်နဲ့သုတ်ပြီး အခြောက်ခံနေရင်း ရှောင်းကျန့်ပြုံးလိုက်တယ်၊ မှန်ထဲကလူကလဲ သူ့ကိုအချိုလွင်ဆုံး ပြန်ပြုံးပြလာတယ်၊ ရှောင်းကျန့် ကျေနပ်သွားပြီး ဝတ်ထားတဲ့ချန်ဖောင်ကို သေချာပြန်ဆန့်တယ်၊ ပြီးတာနဲ့ အဝတ်လဲခန်းဆီ ပြန်လာတယ်။
ဒီလိုနေရာမျိုးမှာ အလုပ်လုပ်ဖို့အတွက် နေထိုင်ပြုမူသင့်တဲ့ သွားဟန်လာဟန်တွေကို သီးသန့်သင်ထားရတယ်၊ ပထမဆုံးအနေနဲ့ ခပ်သွက်သွက်နဲ့ကျဲကျဲလှမ်းတတ်တဲ့ သူ့ခြေလှမ်းတွေကို ပြင်ခဲ့ရတယ်။
မင်းကိုသေချာကြည့်ဖို့အခွင့်အရေး သူတို့ကိုပေးရမယ်...
ပေဖျင်းမှာ ကချေသည်တွေကို သင်တန်းပေးတဲ့မဒမ်တစ်ယောက်ရှိတယ်၊ သူကရှောင်းကျန့်ကို တော်တော်လေး သဘောကျတယ်၊ ပါးပြင်နှစ်ဖက်လုံးပန်းနုရောင်သန်းနေတဲ့ရှောင်းကျန့်ကို မြင်တော့ သူကဒီအကြောင်းကို အလေးအနက်ပြောပြခဲ့တာ။
ဒီလို အကြည့်ခံရတိုင်း မျက်နှာကြီးရဲတက်မလာအောင် အများကြီး လေ့ကျင့်ရအုံးမယ်ဆိုတဲ့ မှတ်ချက်တစ်ခုပါရှောင်းကျန့်ရခဲ့သေးတယ်။
အဝတ်လဲခန်းကတော့ လူမရှိဘဲ ရှင်းလင်းနေလောက်တယ်၊ အခုလိုညပိုင်းဆို ကလပ်မယ်တွေနဲ့အဆိုတော်အများစုက ပွဲခန်းမထဲမှာ ရှိချင်ရှိ၊ မဟုတ်ရင်လဲ သီးသန့်ခန်းအသီးသီးထဲဝင်ပြီး အလုပ်လုပ်နေကြတဲ့ အချိန်မဟုတ်လား။
ဒီလိုအချိန်တိုင်း တန်ဖိုးကြီးကျွန်းခုံရှည်ကို ကိုယ်ပိုင်ပုလ္လင်လိုသဘောထားပြီး အေးအေးလူလူ ထိုင်နေတဲ့သူတစ်ယောက်ပဲ အခန်းထဲမှာ ကျန်နေတတ်တယ်။
"ဒီနေ့ ဘော့စ်ကမင်းကို ဝမ်ရိပေါ်အခန်းထဲထည့်လိုက်တယ်လို့ကြားတယ်.. ဒါက သူ့အကြံရောဟုတ်ရဲ့လား"
YOU ARE READING
The Winds of May •COMPLETED •
Fanfiction⚠️ Republic Era, Spy war noir, BJYX, Yizhan. - The Winds of May coax flowers into bloom - I do not own this story. Authorized translation. All right reserved to original writer: Stickmarionatte「AO3」 Full credit will be given to owners of all images...