အပိုင်း - ၁၁။
ပြသနာက ရှောင်းကျန့်မှာ ရှိလာတာမို့ အခုလိုအချိန်မှာ ဝမ်ရိပေါ်ဘက်က သံသယဖြစ်စရာ ဘာတစ်ခုမှလုပ်ခွင့်မရှိဘူး၊ တစ်နွယ်ငင်တစ်စင်ပါ မဖြစ်အောင် အစစအရာရာ အထူးသတိထားနေဖို့လိုတယ်၊ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်ပါ ပျက်ဆီးစေလိမ့်ဆိုပြီး ဝမ်ဟန်က ထောက်ပြလာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းကျန့်က ဝမ်ရိပေါ်အိမ်ပေါ်ခေါ်တင်ထားတဲ့သူ၊ သူနဲ့တစ်ကုတင်တည်းအိပ်ခဲ့တဲ့ အိပ်ရာဖော် ဖြစ်ခဲ့တာ၊ ဒီလိုလူကို သေနတ်နဲ့တစ်ခါတည်း ပစ်မသတ်လိုက်ဘူးဆိုတာက ဝမ်ရိပေါ်ဘက်က လူကြီးလူကောင်းဆန်တာ၊ သဘောထားကြီးတာကို ပြချင်တာဆိုပြီး ရောချလိုက်လို့ရတယ်၊ မယုံလဲ ဝမ်ရိပေါ် ဒီထက်ပိုပြီး မတတ်နိုင်တော့ဘူး။
အဲ့ဒီနောက်တော့ သူ့လက်အောက်ကအမှုစစ်ကို ဝမ်ရိပေါ်ခေါ်လိုက်တယ်။
"ကျိုးကန်းသွားတာမျိုးမမြင်ချင်ဘူး.. သိပ်မကြာခင် ဒီလူကိုသုံးစရာနေရာရှိသေးတယ်"
ဝမ်ရိပေါ် ဟန်လုပ်ကာ အတင်းဖျစ်ညှစ်ပြီး ပြောတယ်၊ ဒါက လက်ရှိမှာ သူ့ရဲ့လုပ်နိုင်စွမ်း အကုန်ပဲ။
ဝမ်ရိပေါ်ဆီက မကြားဖူးတာတွေ ကြားလိုက်ရတော့ လက်အောက်ကလူတွေက မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်လာကြတယ်၊ အမှုစစ်ကတော့ ရိသဲ့သဲ့ပြုံးလိုက်ပြီး။
"အဲ့လိုစပိုင်ဆိုမှတော့ ပိုတောင်တွေ့ချင်လာပြီ.. စိတ်မပူပါနဲ့ လူကြီးမင်း. သတင်းရအောင်လုပ်ရမဲ့ နည်းလမ်းကောင်းတွေ ကျွန်တော့်မှာ အများကြီးရှိတယ်.. "
...............
ညတိုင်း အော်သံဟစ်သံတွေနဲ့ပြည့်နေတဲ့ အိပ်မက်ဆိုးတွေက ဝမ်ရိပေါ်ကို တဖန်ပြန်ပြီးနှိပ်စက်လာတယ်၊ ဒီတစ်ခါအသံကတော့ ဝမ်ရိပေါ်နဲ့ ကောင်းကောင်းရင်းနှီးနေတဲ့အသံ ဖြစ်နေတယ်၊ ဝမ်ရိပေါ်လန့်နိုးလာပြီး ဘေးကို လက်အလိုလိုရောက်သွားချိန်မှာတော့ အေးစက်နေတဲ့ နေရာလွတ်ကိုပဲ တွေ့ရတော့တယ်။
...............
"အတော်ဆုံးအမှုစစ်နဲ့ တစ်နေ့လုံးစစ်တာတောင် ဘာမှထွက်မလာဘူးတဲ့လား"
YOU ARE READING
The Winds of May •COMPLETED •
Fanfiction⚠️ Republic Era, Spy war noir, BJYX, Yizhan. - The Winds of May coax flowers into bloom - I do not own this story. Authorized translation. All right reserved to original writer: Stickmarionatte「AO3」 Full credit will be given to owners of all images...