4

4.2K 525 17
                                    

အပိုင်း - ၄။

ကိစ္စတွေပြီးသွားတော့ ဝမ်ရိပေါ်က အရင်ထသွားပြီး ရှောင်းကျန့်အတွက် အခါးရည်တစ်ခွက် ယူလာပေးတယ်၊ ဒီလိုဂရုစိုက်တတ်တာက နည်းနည်းတော့ အံ့သြစရာကောင်းတယ် မဟုတ်ဘူးလား။

ဒါတင်မကဘူး၊ ဝမ်ရိပေါ်က သူယူလာပေးတာကို ကုန်အောင်သောက်ပြီးတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေသေးတာ၊ ရှောင်းကျန့်လည်ချောင်းက ဆက်ပြီးမမြိုချနိုင်တော့တဲ့ အထိပဲ။

စေးကပ်ကပ်ဖြစ်နေတဲ့အရာတွေကို သဘောမတွေ့သလို မျက်မှောင်တွန့်ပြီးကြည့်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့ ဝမ်ရိပေါ်က ပိုးသားလက်ကိုင်ပုဝါကိုဆွဲယူလိုက်ပြီး ပေရေနေတာကို ဂရုတစိုက် သုတ်ပေးတယ်၊ အားရအောင် သုတ်ပြီးတာနဲ့ တန်ဖိုးကြီးလက်ကိုပုဝါကို အဝတ်စုတ်တစ်ခုအလား လွင့်ပစ်လိုက်တယ်။

အားလုံးပြီးသွားပေမဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေက ရှောင်းကျန့်ဆီကနေ မခွာသေးတာမို့ ရှောင်းကျန့်လဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျေးဇူးတင်ကြောင်း ပြပေးရတယ်။

တန်ဖိုးကြီး ဒီဇိုင်နာချုပ် အနောက်တိုင်းဝတ်စုံတွေအောက်မှာ အမြဲဖုံးကွယ်ထားလေ့ရှိတဲ့ ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်မှာ လှပတောင့်တင်းတဲ့ ကြွက်သားတွေရှိတယ်။

ဝမ်လူကြီးမင်းက လက်နက်နဲ့ရန်ပြုလာတဲ့လူကိုတောင် လက်ဗလာနဲ့ ကောင်းကောင်း ပြန်တိုက်နိုင်တယ်ဆိုတဲ့စကားတွေက အပြောသပ်သပ် ဟုတ်ဟန်မတူဘူး။

သက်လုံကောင်းနေလို့လဲ ရှောင်းကျန့်မျှော်လင့်ထားတာထက် ပိုသာတဲ့ခံစားမှုတွေကို ပေးနိုင်တာနေမှာ။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ရင်အုပ်၊ ဝမ်းဗိုက်နဲ့ အထင်ကြီးဖို့ကောင်းအောင် သန်မာတဲ့ခါးနေရာက ကြွက်သားအမြောင်းတွေ ကြားထဲကို လက်ချောင်းတွေနဲ့ အသာအယာ ထိတွေ့သွားတယ်၊ သူ့ရဲ့စိုလဲ့နေတဲ့ မျက်ဝန်းတွေမှာတော့ အားကျမှု၊ မနာလိုမှုတွေ စွန်းထင်းနေတာကို မြင်ရပါလိမ့်မယ်။

လူတစ်ယောက်က ဒီလောက်ထိ ရူးသွပ်စရာလောက်အောင် ပြီးပြည့်စုံနေဖို့ လိုအပ်လို့လား၊ ဒါက သူများတွေအတွက် မတရားရာကျလွန်းတယ်လို့ ရှောင်းကျန့်တော့တွေးတယ်။

The Winds of May •COMPLETED •Where stories live. Discover now