9

3.7K 538 11
                                    

အပိုင်း - ၉။

ရှောင်းကျန့်က ခြေလှမ်းတွေကို ဆေးဆိုင်တစ်ဆိုင်ဆီ ဦးတည်လိုက်တယ်၊ ပိုင်ရှု့ကသူ့ဆီဝင်ခဲ့ဖို့ ရှကျစ်ကွမ်းကတဆင့် သတင်းပါးလိုက်တာ မဟုတ်လား။

ပိုင်ရှု့ရဲ့ဆေးဆိုင်က ပိုင်ဆိုင်မှုအစစ်ပါ၊ ပိုင်ရှု့မိသားစုအစဉ်အဆက်က အရင်ပေဖျင်းမှာ ဆေးဆိုင်ဖွင့်လာတာ နှစ်ပေါင်း၁၀၀ နီးပါးလောက်ရှိပြီ၊ ယိဟယ်ထွမ်နယ်ချဲ့တော်လှန်ရေးဖြစ်တော့ ပေဖျင်းကဆေးဆိုင်လုပ်ငန်းကို ပိတ်လိုက်ရပြီး တောင်ပိုင်းကို ရောက်လာကြတာ။

ဒါကြောင့် ပိုင်ရှု့ရှန်ဟိုင်းမှာ တာဝန်ကျတော့ ဆေးဆိုင်ကသူ့အတွက် အကာကောင်းကောင်းရသွားသလို ဖြစ်နေတာ၊ စီးပွားရေးကလဲ မဆိုးဘူးလို့ ပြောလို့ရတယ်၊ လူမျိုးဘာသာမရွေးမခွဲခြားတာမို့ နယ်ခံတွေနဲ့ နိုင်ငံခြားသားတွေကြားထဲမှာ နာမည်ကောင်းရထားတယ်။

နောက်ဆုံးတော့ ရှောင်းကျန့်မှာလဲ ပိုင်ရှု့ဆီကနေ ဧည့်သည်လို တရိုတသေဆက်ဆံခံရဖို့အချိန် ရောက်လာသားပဲ၊ ပိုင်ရှု့က ရှောင်းကျန့်ကိုတွေ့တာနဲ့ အဖိုးတန်ဈေးဝယ်သူရောက်လာသလို ခါးညွှတ် နှုတ်ဆက်လိုက်ပြီး  ဗိုင်အိုင်ပီဧည့်ခန်းထဲကို ခေါ်သွားတယ်၊ အခုချိန်မှာတော့ ရှောင်းကျန့်က စင်ပေါ်ကပဲ။

ရှောင်းကျန့်က ပိုင်ရှု့ဆီပေးလာတဲ့ အခါးရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပြီး။

"မဆိုးပါဘူး.. ပိုင်ကုန်းဇီကြည့်ရတာ တော်တော်လေး အဆင်ပြေနေသားပဲ"

ပိုင်ရှု့က မျက်ဖြူလှန်ပြပြီး ဗျစ်တောက်ဗျစ်တောက် စပြောတာပဲ။

"သတိမရှိပုံများ.. ရိုးရိုးအခါးရည်မဟုတ်ဘဲ ခြေလှမ်းငါးလှမ်းအတွင်း လဲကျပြီးသေသွားနိုင်တဲ့ အဆိပ်မျိုးပါနေရင် ဘယ်လိုလုပ်မလဲ"

"တကယ်ပါတာလား..."

"ထည့်လိုက်လို့ရတယ်ဆိုတာကို ပြောပြတာ"

"အဲ့လိုမညစ်ပတ်ကြေးနော်"

အလုပ်ကိုဦးစားပေးလေ့ရှိတဲ့ ပိုင်ရှုက စနောက်နေတာကို ရပ်လိုက်ပြီး။

The Winds of May •COMPLETED •Where stories live. Discover now