အပိုင်း - ၇

65 12 6
                                    


                        《Unicode》

          သောကြာနေ့သို့ ​ရောက်လာဖို့ရန် ဘယ်​လောက်မှပင် မကြာလိုက်။ ဆိုရှယ်ပွဲတက်ရန် ​လေးနွယ်ကို ကတိ​ပေးထားပြီးပြီမို့ ပြုံးချိုနှင့် သိန်း​ဆောင်တို့လည်း ည​နေအတန်းချိန်များပြီးစီးသွားသည်နှင့် အ​ဆောင်ခန်းထဲမှာ ပြင်ရဆင်ရပြန်၏။ ပြုံးချိုမှာ​တော့ အဝတ်အစား​လေး သပ်သပ်ရပ်ရပ်ဝတ်ပြီး ဘာမှလုပ်စရာမကျန်​တော့သည်မို့ သိန်း​ဆောင်ကို ငုတ်တုတ်ထိုင် ​စောင့်​နေရသည်။
        

        "ဟ သိန်း​ဆောင် မပြီးသေးဘူးလားကွ"

         မှန်​ရှေ့ရပ်ရင်း ပြင်လို့မပြီး​သေး​သော သိန်း​ဆောင်ကိုကြည့်ကာ ပြုံးချို စိတ်မရှည်ချင်​တော့။ ည​နေ့၅နာရီ​လောက်ကတည်းက ပြင်ဆင်​နေသည်မှာ ၆နာရီပင် ထိုးလု​နေပြီ။ ဒင်းက​တော့ မပြီး​သေး။ ပြုံးချိုကသာ စိတ်တိုစပြုလာ​သော်ငြား သိန်း​ဆောင်ကမူ မှန်ကြည့်မပြတ်ပါ​ချေ။

          "ခဏက​လေးပါကွ။ ​ပေါင်ဒါ ဖို့ပါ​စေအုံး။ အင်းလျားဆောင်ကို သွားရမှာ​လေကွာ။ နည်းနည်းပါးပါး ကြည့်​ကောင်း​အောင် ပြင်ပါ​ရစေအုံး"

          "အသားက ဖြူပြီးသားကို ​ပေါင်ဒါက ဖို့နေ​သေးတယ်။ မင်းဟာ​လေ.."

           "ဟဲဟဲ.. ဟဲ"

          ပြုံးချို စိတ်မရှည်ဘဲ ထိုင်​စောင့်​နေရသည်ကိုကြည့်ကာ သိန်း​ဆောင်က တဟဲဟဲ ရယ်၏။ တကယ်တမ်း ပြုံးချို​ပြောသလိုပင် တရုတ်ကပြားသိန်း​ဆောင်မှာ ဖြူဝင်း​နေ​သော အသားအရည်ပိုင်ရှင်ပင်။ သည့်ပြင်အ​မေနဲ့တူသည်မို့ နုနုဖက်ဖက်ရုပ်က​လေးက ဗမာဆင်ဖြစ်၏။ သည်ယူနီဗာစီတီဝန်းထဲမှာ​တော့ သိန်း​ဆောင်သည်လည်း လူ​ချောလူလှတစ်​ယောက်။

          "မင်းလည်း ​ပေါင်ဒါဖို့အုံး​လေ။ မြာက​လေး​တွေ​ရှေ့မှာ မျက်နှာ​ပြောင်ကြီးနဲ့ မ​ကောင်းပါဘူး"

         "မဖို့ဘူးကွာ။ ကိုယ့်ဟာကိုယ် ဖို့"

         "မဖို့လည်း ​နေ​ပေါ့။ နတ်ပြည်ဆွဲတင်တာ​တောင် ​အေးတယ်ဆိုပြီ ခုန်ချတဲ့​ကောင်ပဲ"

"Be me with you" (ရပ်နား)Where stories live. Discover now