《Unicode》
အဆောင်မှူး၏ရှူးဖိနပ်သံက အဆောင်စင်္ကြန်မှ တဖြည်းဖြည်းခွာသွားသည်။ အဆောင်မှူးထွက်သွားမှန်းသေချာသည့်အခါမှသာ သိန်းဆောင်တစ်ယောက် စာအုပ်ကိုစားပွဲပေါ်ပစ်တင်ပြီး အိပ်ရာပေါ် ပြေးလှဲတော့၏။ ပြုံးချိုသည်လည်း ဟန်ပြကိုင်ထားသောမြန်မာစာအုပ်ကို ဘေးကပ်၍ မနက် သတင်းစာတိုက်များသို့ပို့ရန် သတင်းကိုပြန်စီလေသည်။ညရှစ်နာရီမှ ဆယ်နာရီအတွင်းကား ညစာကြည့်ချိန်ဖြစ်၏။ ထိုအချိန်အတွင်း ကျောင်းသားများ အဆောင်တွင်ရှိ၊ မရှိ။ စာလုပ်၊ မလုပ်ကို အဆောင်မှူးကိုယ်တိုင် တစ်ခန်းဝင်တစ်ခန်းထွက် စစ်လေ့ရှိသည်။ ဆိုရသော် ထိုအချိန်က ကျောင်းသားများ ငြိမ်ဝပ်လေ့ရှိသောအချိန်ပင်။ သို့ပေသိ အများစုကတော့ အယောင်ပြရုံခန့်သာ စာကြည့်ကြပြီး အဆောင်မှူးအလစ်ရောက်သည်နှင့် နေမြဲအတိုင်း စကားများလိုက်၊ ဆူလိုက်၊ ဖဲခိုးရိုက်လိုက်ဖြင့် ညစာကြည့်ချိန်ကို ကျော်သွားကြစမြဲ။
"ဟေ့ ပြုံးချို။ မပြီးသေးဘူးလား"
သိန်းဆောင်က အိပ်ရာပေါ်လှဲနေရင်းမှ ခပ်ပျင်းပျင်းလှမ်းပြောလာသော်ငြား ပြုံးချိုက လှည့်ပင်မကြည့်။
"ဘယ်ပြီးအုံးမှာလဲ။ ခုနင်ကပဲ ဝါဒင်ရောက်လာလို့မရေးလိုက်ရတဲ့ဟာကို"
"မြန်မြန်လုပ်ကွာ။ ငါအိပ်ချင်ပြီ"
"တော်စမ်းကွာ။ အစောကြီးရှိသေးတာ။ စာကြည့်ချိန်မပြီးသေးဘဲ မီးပိတ်တာတွေ့ရင် တို့နှစ်ယောက်စလုံး ဒဏ်ရိုက်ခံရမှာ"
"ဟင်း.."
သိန်းဆောင်က သက်ပြင်းချ၏။
"ပုဂံဟောလ်မှာ ဂျင်နရဲယ်လိဖ်* ပေးသတဲ့။ သူတို့တွေများ ည၁၂နာရီအထိ အငြိမ့်ပဲ။ တို့များကျတော့ ညစာကြည့်ချိန်တောင် မလွတ်ပါလား"
ပြုံးချိုမှာ စာရေးနေရင်းကပင် သိန်းဆောင်အားလှမ်းတွတ်ဖို့မမေ့။
"နို့.. ငါတို့လည်း ဟဖ်ဟောလီဒေး* ရသားပဲ။"
"ဟ..။ ဘယ်တူမလဲကွ!"
YOU ARE READING
"Be me with you" (ရပ်နား)
Romance"ငါ မင်းနဲ့.. အတူတူနေပြီး အတူတူသေချင်တယ်။ ရယ်ခြင်း၊ ငိုခြင်းတွေကိုလည်း မင်းနဲ့ပဲမျှဝေချင်တယ်။ ဘယ်လောက်ဝေးမယ်မသိနိုင်တဲ့ သံသရာခရီးလမ်းကိုလည်း မင်းနဲ့ပဲ ငါအတူလျှောက်ချင်တယ်။ ငါ သိပ်များလောဘကြီးသွားသလားဟင်။ ပြုံးချို.." °°° "ငါ မင်းနဲ့...