🥀ကိုး🥀 Part 3

4.6K 251 8
                                    

🥀ကိုး🥀Part3

ဆက် သူမရဲ့ ကွန်ပျူတာက ကြောင်စပြုနေတာကြောင့် အသစ်ဝယ်ရန် Center ကိုလာခဲ့ခြင်းဖစ်သည်

မော်ဒယ်မြင့်ထဲက သဘောကျရာ function တွေပါတဲ့ တစ်ခုကို သဘောကျရွေးချယ်ခဲ့ပီး အပြင်ကိုထွက်ခဲ့သည်

"တော် တော် တီ..."

ဖုန်းမြည်လာသံကြောင့်နံပါတ်မကြည့်ဘဲကိုင်လိုက်သည်

"ဟယ်လို"

တစ်ဖက်မှ အမျိုးသားအသံဟာ ဆက်ရဲ့ခြေလှမ်းများကို ရပ်တန့်စေသည်

အကိုပါလား.......
အကိုဟာ မတော်တဆတွေ့ခဲ့ပီးချိန်မှစ၍ ဆက်ကို အမျိုးမျိုးဖုန်းဆက်ပီးတွေ့ရန်ပြောသည်

သို့သော် ဆက်က ရှောင်ဖယ်နေခဲ့သည်
အကိုဟာ သူ့အကျင့်အတိုင်းပါဘဲ အလျော့မပေးဘဲ အမြဲဆက်သွယ်နေတာ လပိုင်းလောက်ရှိလေပီ

"လွန်း ကိုယ်တို့ ကော်ဖီဆိုင်ခဏထိုင်ရအောင်လေ ခုအားတယ်မလား"

"အာ အခုလေအပြင်ရောက်နေတာ"

"ကိုယ်သိတယ် လွန်းရဲ့ အနောက်ကိုကြည့်လိုက်"

အကို့စကားကြောင့် သူမလှည့်ကြည့်မိတော့ အကိုဟာ ဖုန်းကို တစ်ဖက်လက်ဖြင့်ကိုင်ကာ ကျန်တစ်ဖက်ကို မြှောက်ပြနေသည်

"အိုး..."

.................................................................
ဆက်နဲ့ အကို့ကြားမှာ ကော်ဖီဆိုင်ကဖွင့်ထားတဲ့ English သီချင်းသံခပ်တိုးတိုးကလွှင့်ပျံနေသည်

Mochaရဲ့ခါးသက်သက်အရသာက ဆက်ရဲ့ လျှာကို ထုံစေသည်

အကို့ကို တွေ့ရတဲ့ ခံစားချက်ဟာ နေရမခက်ပါ
သို့သော် သက်သောင့်သက်သာရှိနေတာမျိုးလည်းမဟုတ်ရပါ

"ဆိုတော့ လွန်းက ဆရာဝန်မကြီးဖစ်သွားပီဆိုတော့ အလုပ်တွေမအားဖစ်နေတာပေါ့"

အကို့စကားကြောင့်တမင်ရှောင်ဖယ်နေမိတဲ့ ဆက် အားနာစိတ်လေး ပေါ်ထွက်လာသည်

"အင်း ဆိုပါတော့ အကိုကရော"

အကိုဟာ ဆက် စကားကို ပြုံးပီး ကော်ဖီခွက်ကိုချသည်
အကိုသောက်နေတာ expresso ဖစ်သည်

🥀ကိုး🥀(complete)Where stories live. Discover now