🥀ကိုး🥀 Part 4
ဆက် လက်ပိုက်ကာ မှန်တင်ခုံမှာ သီချင်းလေးတညီးညီးနဲ့ အလှတွေပြင်နေတဲ့ ကိုးကို ကြည့်နေမိသည်
"အဲ့လောက်တောင်ပျော်လား"
ကိုးဟာ သူမရဲ့ ဆံပင်လေးများကို နှစ်ဖက်ခွဲစီးထားပီး ထုံးစံအတိုင်းhello kitty ရုပ်လေးတွေပါတဲ့ခေါင်းစည်းကြိုးစည်းထားသည်
ကိုးရဲ့ နှုတ်ခမ်းတွေဟာ ပြုံးနေသည်
သူမက ဆံစလေးတွေလှုပ်ခတ်သွားအောင်ခေါင်းငြိမ့်ပြသည်ဟိုနေ့က ဖြစ်ရပ်ကြောင့် သူမအမြဲတောင်းဆိုနေတဲ့ ကစားကွင်းသွားချင်သည် ဆိုသော ဆန္ဒကို လိုက်လျောပေးလိုက်သည်
ကိုးဟာ လက်ရှည် ကိုယ်ကျပ်ကို ဂျင်းဘောင်းဘီ အပွအရှည်နဲ့ ဝတ်ထားသည်
ခါတိုင်း အကျီဆိုလျှင် ပေါ်နေမှ ဝတ်တတ်တဲ့ ကိုးရဲ့ ပြောင်းနေတဲ့ ဒီဇိုင်းကြောင့်မျက်ခုံးပင့်မိရသည်
"မပူဘူးလား"
ကိုးရဲ့ နှုတ်ခမ်းနီဆိုးနေတဲ့ လက်များ ရပ်တန့်သွားသည်
ပီးမှ ခေါင်းရမ်းကာ"ဟင့်အင်း အသားမည်းမှာဆိုးလို့ လာ ပီးပီ သွားမယ်"
ကိုးဟာ သူမ လက်မောင်းကို ခိုတွဲလာသည်
ဂျင်းဘောင်းဘီ အပြာဆင်တူနဲ့ အကျီကို ဆက်ကအဖြူ ကိုးက အနက်ဝတ်ထားတာကြောင့် သူမတို့က လိုက်ဖက်နေသည်
ကိုးရဲ့ ဒီနေ့ မိတ်ကပ်တွေက ဘာလို့ထူနေရတာလဲ
ခါတိုင်းပါရုံလောက်သာလိမ်းတဲ့သူက.......
ဘာဘဲဖစ်ဖစ် ကိုးဟာ လှနေသည်ဆက် လက်မောင်းကို ဆွဲပီး ကိုးဟာ လက်ညိုးတထိုးထိုးနဲ့ အားလုံးကို ပတ်စီးသည်
ကိုးဟာ ဘာကိုမှ အကြောင့်အလန့်မရှိပါ
ခေါင်းမူးတတ်တဲ့ ဆက်သာ ပင်လယ်ဓားပြနဲ့ ရိုလာကိုစတာစီးပီး မျက်နှာ ဖြူဖတ်ဖြူလျော်ဖစ်နေသည်ကိုးကတော့ လက်ညိုးထိုးကာ ရီသည်
ကိုး အပြုံးတွေဟာ အရမ်းလွတ်လပ်နေသည်ဆက်တို့ အတူလမ်းလျှောက်သွားရင်း အတူပါမလာတဲ့ ကိုးကြောင့် သူမကြည့်မိလိုက်သည်