🥀ကိုး🥀Extra
၁၉နှစ်ခန့်ကြာပီးနောက်................
အဖြူရောင် ဂျူတီကုတ်ဟာ လေထဲမှာ လွှားကနဲဖစ်သွားပီး အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ပေါ်ကိုလွှမ်းခြုံသွားသည်
သူမဟာ သူမရဲ့ ဂုတ်ထောက်ဆံပင်တိုကို အကျီထဲမှ ဆွဲထုတ်လိုက်သည်
ဒေါက်တာ လွန်းဆက်ဆိုသော ရင်ထိုးလေးက ရင်ဘတ်မှာ လက်ခနဲဖစ်သွားသည်
ရုံးခန်းထဲကမှန်မှာပေါ်နေတဲ့ ပုံရိပ်က မပီပြင်ဝိုးတဝါးဖစ်နေတာကြောင့် မျက်မှန်ကို ကောက်တပ်လိုက်သည်
ကိုးဟာ သူမကို စာတစ်စောင်ပေးခဲ့သည်
၁ အချက် ကျန်းမာအောင်နေပီး ကိုယ့်ကိုကိုယ်ဂရုစိုက်ပါရန်
ထိုအချက်ကြောင့် ဆက်ဟာ အသက် 42လို့ မထင်ရအောင် အသက်အရွယ်ကတိုက်စားမသွားပါ ငယ်ရွယ်နုပျိုဆဲ 28လောက်လို့သာ ထင်ရသည်
သူမမျက်နှာမှာ ပိုလာသည်က မျက်မှန်တစ်ခုသာ ရှိသည်
"ဒီနေ့လည်း ပျော်ရွှင်ဖွယ်နေ့လေးပါကိုး"
၂အချက် အရင်ကထပ် ပိုပီး ယုံကြည်မှုရှိတဲ့ ဒေါက်တာ လွန်းဆက်အဖြစ်ရပ်တည်ပါ
ဆက်ရဲ့ အပြုံးဟာ ရင့်ကျက်တည်ငြိမ်မှုများကို ဆောင်နေခဲ့သည်
သူမဟာ အခုဆို ဆေးရုံရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ပင်ဖြစ်နေပီဖြစ်သည်
တံခါးကို ဆွဲဖွင့်ကာ အပြင်ကိုထွက်လိုက်တော့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်
ထိုအမျိုးသားဟာ သပ်ရပ်စွာဝတ်စားထားပီး အပြုံးတစ်ခုနဲ့ကြည့်လာသည်
"လွန်း ဒီနေ့အားရင် နေ့လည်စာ ကိုယ်တို့ သွားစား....."
"ကိုမင်းခန့် ကျွန်မ အားနာပါတယ် ကျွန်မမှာအိမ်ထောင်ရှိတယ်"
ဆက် သူမလက်က လက်စွပ်ကို ထောင်ပြကာ ထွက်လာခဲ့တော့သည်
ကိုမင်းခန့်ဟာ လတ်တလောကမှ ပြောင်းလာတဲ့ ဒါရိုက်တာ အဖွဲ့ဝင်တစ်ယောက်ဖစ်ပီး ဆက်ကိုသဘောကျနေသူ လူပျိုကြီးဖြစ်လေသည်