🥀ကိုး🥀 Part 6
ကော်ဖီပူပူတစ်ခွက်ကို နို့ဆီမပါဘဲဖျော်ပီး ဝရံတာမှာ မတ်တပ်ရပ်နေမိသည်
အနီးစခန်းအနီးက ရေတံခွန်တောင်အနီးမှာ ဆက်ရဲ့အပန်းဖြေအိမ်က တည်ရှိနေသည်
ကုလားထိုင်ပေါ်ထိုင်လိုက်ရင်း ခြုံထားတဲ့ ပုဝါကို ရင်ဘတ်လုံအောင်ဆွဲစိလိုက်သည်
နားထဲမှာ အလွန်တိုးသိမ်သော ရေကျသံ တချို့ တိုးဝှေ့နေသည်
ဆက်ဟာ ပြင်ဦးလွင်သို့ရောက်ရှိနေခြင်းဖစ်သည်
ဒီနေရာဟာ ဆက်ရဲ့ ပြဿနာတွေအဝေးကို ထွက်ပြေးရာ ဖစ်သည်သူမအိမ်ကပင် လုံးဝမသိကြပါ
ဒီနေရာမှာ သူမ စိတ်အေးလက်အေးနေနိုင်သည်ဆက် သူမနောက်မှာ ဘာတွေဖစ်ကျန်နေခဲ့လဲ မတွေးချင်ခဲ့ပါ အမြဲ သူမလုပ်သလိုပေါ့ ကျောခိုင်းကာလှည့်ထွက်ခဲ့သည်
ယခုဆိုလျှင် ၁လလောက်ရှိတော့မည်
ပိတ်ထားလိုက်တဲ့ ဖုန်းကို ဆက် ဖွင့်ကြည့်လိုက်တော့
Notifications များသည် ဆက် ဖုန်းကို ပေါက်ကွဲမတတ်ဝင်လာစေသည်ကြည်လင်နေတဲ့ဆက် စိတ်ဟာ နောက်ကျိသွားရပီး ဆက်ရင်ထဲရှုပ်ထွေးမှုများဝင်ရောက်လာသည်
Missed callအများစုဟာ အမေ့ဆီမှဖစ်ပီး အဖေနဲ့ယောက္ခမများဘက်မှလည်းပါသည်
နာမည်မပါတဲ့ ဖုန်းစိမ်းတချို့လည်းရှိပီး ထိုအရာများမှာ အမေဆက်တာလို့သာ ထင်သည်
သို့သော် သူမရှာနေမိတဲ့ Koeဆိုတဲ့ contact nameလေးကိုတော့မတွေ့ရပါ
Missed callတစ်ခုလေးတောင်မှပေါ့
ဆက်ရဲ့ မာနတရားက ခေါင်းပြူလာပီး ဖုန်းကို စိတ်တိုစွာပိတ်ချပစ်လိုက်သည်ကိုယ်မမှားမိတဲ့အမှားအတွက် ပြောခံလိုက်ရခြင်းကို ယူကျိုးမရပါ ပြောရက်သူကိုလည်း အံ့ဩသည်
ရှင်းပြခွင့်တောင်မရှိခဲ့ပါဘဲ သိက္ခာတွေအကုန် မြောင်းထဲ ပစ်ချခံလိုက်ရသလိုခံစားရသည်
"တီ တောင် တီတောင်"
ဆက်မျက်မှောင်တွေကြုံ့သွားရသည်
ဒီကိုဘယ်သူလာစရာရှိလို့လဲ......