🥀ကိုး 🥀Part 1

18.5K 348 22
                                    

🥀ကိုး Part 1🥀

နေရောင်ကစူးခနဲ့ မျက်လုံးကို ထိုးလာတာကြောင့် ထိုင်ခုံပေါ်အိပ်နေတဲ့ လွန်းဆက်မျက်လုံးတွေစူးပီးနိုးလာရသည်

အလိုမကျစွာ မျက်ခုံးတန်းလှလှတွေက တွန့်ချိုးပီး ဂုတ်ကိုဘယ်ညာ ချိုးလိုက်သည်

ညက ဂျူတီဝင်ရ၍ ပင်ပန်းပီး ထိုင်ခုံပေါ်မှာတင်အိပ်ပျော်သွားခြင်းဖစ်သည်

ဂုတ်ထောက်နေတဲ့ ဆံနွယ်တွေကို နားနောက်ညှပ်လိုက်ပီး မျက်နှာကို ပွတ်သပ်လိုက်သည်

ဂျိတ်မှာချိတ်ထားတဲ့ ဂျူတီကုတ် အဖြူရောင်က်ို ဝတ်လိုက်တော့ ဒေါက်တာလွန်းဆက်ဆိုတဲ့ ရင်ထိုးလေးကလက်ခနဲဖစ်သွားသည်

နားကြပ်ကို လည်ပင်းမှာချိတ်ရင်း roundလှည့်ဖို့ထွက်ခဲ့တော့သည်

.................................................
"ဝါးးးး"

ဆေးရုံက ထွက်လာကာ အကြီးအကျယ်ဝါးသမ်းပီးနောက် ဆေးရုံလျှောက်လမ်းမြက်ခင်းပြင်တစ်လျှောက်ထွက်လာသည်

ဘေးဘီမှာ လူနာများက လေ့ကျင့်ခန်းများလုပ်နေကြသည်

"ဆက် ဆက်"

နောက်ကနေ ခေါ်သံခပ်သေးသေးလေးက တကြော်ကြော်အော်ရင်း ပြေးလိုက်လာသည်

သူမ ဘယ်သူ့အသံမှန်းသိနေ၍ မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်လာသည်

"ဆက်ရေ ဆက် လွန်းဆက်"

နောက်ကခေါ်သံဟာတော့ အလျော့မပေးဘဲ သူမနောက်က ခေါ်နေမြဲပင်

"ဆက် ကိုကိုဆက်"

ကိုကိုဆက်လို့ ခေါ်သံအကြားမှာတော့ သူမ ပိုက်ဆံအိတ်ကိုင်ထားတဲ့ လက်တွေတင်းကျပ်သွားပီး ဒေါသမျက်ဝန်းများနဲ့ လှည့်ကြည့်လိုက်တော့သည်

မိန်းကလေးတစ်ယောက်ကို ကိုကိုဆက်လို့ခေါ်ခံရတာဟာ ဘယ်လောက်ထိ ရှက်ဖွယ်ကောင်းမှန်း သူမမသိဘူးလား

သူမမြင်ကွင်းထဲက ပြေးလာသူက မိန်းမငယ်လေးတစ်ယောက်ဖစ်သည်

သူမက အလွန်ပိန်ပေမဲ့ လှပနေသည် အထူးသဖြင့် သူမရဲ့စိတ်အားထက်သန်စွာတောက်ပနေတဲ့ မျက်ဝန်းတွေ..........

🥀ကိုး🥀(complete)Where stories live. Discover now