🥀ကိုး 🥀Part 5
"ဘယ်သွားမလို့လဲ"
ကိုးဟာ သူမရဲ့ပစ္စည်းတစ်ချို့ကို ခရီးဆောင်အိတ်ထဲထည့်နေသည်
"ကိုး ကုန်ကြမ်းရှာချင်လို့ပါ ခရီးတိုတစ်ခု နောင်ချိုဘက်ထွက်ချင်တယ်"
ကိုးဟာ ခုတလောစာရေးနေသည်တဲ့လေ ဝါသနာတောင်ဆိုဘဲ
"ဘာလို့ ငါ့ကိုမခေါ်တာလဲ"
"ဆက်က ဆေးရုံကိစ္စတွေနဲ့အားမှာမဟုတ်ဘူးလေ"
ကိုးဟာ မျက်နှာလွှဲပီး သူမကိုဆက်ပြောသည်မှန်ပါသည် ကိုး ပြောခဲ့လျှင်လည်း သူမ လိုက်နိုင်မည် မဟုတ်ပါ
"ဘာလဲ စိတ်ပူလို့လား"
ကိုးက သူမရဲ့hello kittyခရီးဆောင်အိတ်ကို ပိတ်ကာ ဆက် ဘက်ကိုလှည့်ပြောလာသည်"မပူပါဘူး ဘာလို့ပူရမှာလဲ နင်က ကလေးမှမဟုတ်တာ"
ဆက် အရှက်ပြေ မျက်နှာလွှဲလိုက်သည်
သူမစိတ်ပူနေသလိုဖစ်သွားတာလားထိုအခါ ကိုးက ဖွဖွလေးရီသည်
"စိတ်ချပါ ခနလောက်ပါဘဲ နေ့တိုင်းဖုန်းဆက်မယ်နော်""မဆက်ပါနဲ့ ငါမအားဘူး"
ဆက်လည်း သူမရဲ့ခရီးဆောင်အိတ်ကို ကူသယ်ပေးပီး အောက်ဆင်းလာလိုက်သည်
"ငါ လိုက်ပို့ဖို့ မလိုတာသေချာလား"
"သေချာတယ်လို့ အားလုံးစီစဉ်ပီးသား မို့လို့ပါဆို"
ဆက်လည်း ကိုး သူမအားစိတ်ပူနေသည်ထင်သွားမှာစိုး၍ အိမ်ထဲပြန်ဝင်ရန်ပြင်လိုက်သည်
သို့သော် ကိုးက သူမအကျီစကို လက်မနဲ့လက်ညိုးလေးသုံးကာ ဆွဲလာပြန်သည်
"ဘာလဲ ငါလိုက်ပို့ဖို့မလိုဘူးဆို"
"မဟုတ် မဟုတ်ပါဘူး"
ကိုးက ခေါင်းလေးငုံ့ကာ ခဏကြာမှ
"ဆက် ငယ်ငယ်က နမ်းသလို ကိုးနဖူးကို နမ်းပါ့လားဟင်"
ကိုးစကားကြောင့် ဆက်ပါးများပူသွားသလိုပင်
အဲ့တုန်းကလည်း မိဘများကဓာတ်ပုံရိုက်ချင်လို့ခဏနမ်းလိုက်ဆိုလို့ နမ်းလိုက်ခြင်းဖစ်သည်ကိုးပြောပုံက မသိလျှင်သူမဘဲ ငယ်ငယ်က ကိုးနဖူးကို အမြဲနမ်းခဲ့သလိုဖစ်နေသည်