ကြိုးမနက်တိုင်း ဘုရားသောက်တော်ရေလဲ ပန်းကပ် ဆွမ်းတော်ကပ်အမြဲလုပ်ဖြစ်ပြီး သီရိမြိုင်ကလူတွေအကုန်ကျန်းမာချမ်းသာဖို့နေ့တိုင်းဆုတောင်းဖြစ်တယ်
'အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု'
'ကြိုး မမမြတ်က မနက်စာစားဖို့ဆင်းလာခဲ့ပါတဲ့'
'ဟုတ် ကြိုးအခုလာခဲ့မယ်ပြောပေးနော်'
လက်ထဲကကြေးစည်လေးကိုသူ့နေရာသူပြန်ထားကာ ကြိုး ထမင်းစားခန်းဆီဆင်းလာခဲ့တယ်
'မြေးလေး ဘုရားရှိခိုးတာပြီးသွားပြီလား'
'ဟုတ် ဘွားဘွား'
'တစ်နေ့တစ်နေ့ ငါ့မြေးလေးရဲ့အမျှဝေ သာဓုခေါ်သံကြားရတာ နားဝင်လဲချိုပြီးရင်ကိုအေးလို့
တစ်ချို့ တစ်ချို့တွေဆို အကုသိုလ်တုံးကြီးတွေအလားပဲ'ကြိုးမှာရီချင်ပေမဲ့ မာမီရှိနေတာကြောင့်မရီနိုင် ခေါက်ဆွဲပန်းကန်ထဲနံနံပင်တွေတွေ့တော့ ကြိုးမျက်နှာအလိုလိုပျက်သွားရသည် *မကြိုက်ပါဘူးဆိုထည့်ထားပေးပြန်ပြီ* ဒါတွေကိုဖယ်ရင်မာမီကဆူဦးမည်
ကြိုး နံနံပင်တွေကိုမသိမသာလေး ဖယ်ဖို့လုပ်နေတော့'ဘာလို့အရွက်တွေဖယ်နေရတာလဲ'
'ဟို ကြိုး မကြိုက်လို့ပါမာမီ'
'ပိုက်ဆံပေးဝယ်ထားရတာ ဘယ်ဟာမှအလကားမရဘူး စား ခုချက်ခြင်း'
ဟုဆိုကာ ပန်းကန်ထဲနံနံပင်ထဲသူကိုယ်တိုင်ထပ်ထည့်တယ်
'စား'
'မြတ်သီရိဆွေ ညည်းအစားစားချိန်လေးတော့ငါ့မြေးလေးကိုလွှတ်ထားပေးစမ်းပါအေ'
'ငါစားလို့ပြောနေတယ်လေ'
'ဟုတ် ဟုတ်ကဲ့မာမီ'
အမိန့်ပေးသူကပေး ခိုင်းတဲ့အတိုင်းလုပ်တဲ့သူကလုပ်
ဒေါ်မူယာခင်ဒီနေရာတော့သူမစကားတို့းမပေါက်နိုင်တာသိတာမို့ ထမင်းစားခန်းကနေတရွေ့ရွေ့ထွက်ခွာသွားတယ်
ကြိုး မကြိုက်လဲဖျစ်ညှစ်စားလိုက်တယ် နံနံပင်လေးကြောင့်နဲ့မာမီငြိုငြင်တာမခံချင် ခေါက်ဆွဲကိုအတင်းမြိုချနေတဲ့
အရှေ့ကကလေးမကိုကြည့်ကာ မြတ် ပြုံးမိတယ်
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"