ခန္ဓာကိုယ်မှာတင်းကြပ်မှု့ခံစားနေရတယ် လည်တိုင်ကိုလဲလေငွေ့ငွေ့တိုက်ခတ်နေတာခံစားနေရတယ် မျက်လုံးဖွင့်ကြည့်မိတော့ မြတ်ရင်ခွင်ထဲမြတ်ကိုဖက်ကာအိပ်ပျော်နေတဲ့ကြိုး အိပ်ပျော်နေတာတောင်ဖြူစင်လွန်းတဲ့ဒီကလေးပေါက်ကိုမြတ်တကယ် မြတ်နိုးမိပါရဲ့ အိပ်ပျော်နေတဲ့ချစ်ရသူလေးရဲ့ပါးကိုလက်ကလေးနဲ့ခပ်ဖွဖွအုပ်ကိုင်ရင်း
'ကလေးရယ် မင်းကမင်းအမေလိုပါပဲလား'
'မေမေ့လိုတော့မာမီ့ကိုထားသွားမှာမဟုတ်ပါဘူး'
အိပ်ပျော်နေတယ်ထင်ထားတဲ့ကြိုးဆီကအသံထွက်လာတာမို့ မြတ် အံ့သြသွားသည်
'နိုးနေတာလားကြိုး'
'အင်း နိုးနေတာ'
'မေမေ့လို မာမီ့ကိုမထားခဲ့ဘူးလို့ပြောတော့
အကုန်သိသွားပြီလား ကြိုး''အင်း တီတီဦးပြောလို့ အကုန်သိပြီးပြီ'
သက်ပြင်းချရင်း မြတ်ကုတင်ပေါ်ကထလိုက်သည် ဒါပေမဲ့ မြတ်ဆက်လျှောက်မသွားနိုင်အောင် ကြိုးကနောက်ကနေခါးကိုဖက်ထားတယ်
'ကြိုးကိုအစတည်းကပြောခဲ့ရင်ဒီလိုတွေဖြစ်မှာမဟုတ်ဘူး ခုတော့ဝမ်းနည်းရပြီ'
'စောစောပြောခဲ့ရင် ကြိုးစောစောဝမ်းနည်းရမှာပေါ့ကလေးရယ်'
'ကြိုးလေ
ခုကစပီးဘယ်တော့မှမာမီ့နားကထွက်မသွားတော့ဘူး''တကယ်လား'
'အွန်း ဂတိ'
'တို့တော့မယုံရဲပါဘူး ကြိုးကဂတိပေးပြီး ပြီးတော့တည်တာလဲမဟုတ်ဘူး'
'တကယ် ဒီတစ်ခါတကယ်တည်အောင်လုပ်မှာ'
'သက်သေပြ'
'ဘယ်လိုပြရမလဲ ကောင်းကင်ပေါ်ကြယ်ကိုတက်ခူးပြရမလား
ဒါမှမဟုတ် ဓါးတောင်ကိုကျော်ပြီးမင်းပယ်လယ်တွေဘာညာ ဖြတ်ကျော်ပြရမလား မာမီတစ်ခွန်းသာပြောလိုက် ကြိုး မာမီယုံအောင်သက်သေပြမယ်'ဘယ်ဘက်ရင်အုံကိုလက်နဲ့ထုပြီးတဆာဆာကြွေးကြော်နေတဲ့ကလေးပေါက်ကို မြတ်အသဲယားကိုရင်ဘက်ထဲဆွဲကာပွေ့ဖက်ထားလိုက်သည်
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"