EP-4

12.1K 828 18
                                    

ကျောင်းတက်ရတဲ့အထဲ  ကြိုးအကြိုက်ဆုံးက ကျောင်းမိန်းလမ်းမကြီးပေါ်လမ်းလျှောက်ရခြင်းပင်
မနက်ခင်းလေညှင်းသဲ့သဲ့အတိုက်မှာလမ်းလျှောက်ရတဲ့ခံစားချက်ကရင်ထဲအရမ်းအေးချမ်းစေတယ်  ဒါပေမဲ့ ကြိုးဘဝမှာပျော်ရွှင်မှု့ဆိုတာကြာရှည်မခံပင်

'အာ သွားပြီ'

ကြိုးနဲ့ ကထီပါ ဖိနပ်လေးဟာသဲကြိုးပျက်သွားခဲ့လေပြီ
ဒါကြိုးမြတ်နိုးရတဲ့ဖိနပ်လေး မာမီနဲ့အင်းလေးကိုသွားတုန်းက ဖိနပ်ပျက်သွားလို့ မာမီကိုယ်တိုင်သွားဝယ်ပေးတဲ့ဖိနပ်လေးပင်
............
လှေထဲကနေတံတားပေါ်ကိုအရင်တက်သွားတဲ့မာမီ
ကြိုးကိုလှည့်မကြည့်ပဲဆက်သွားသည်မို့ ကြိုးဘာသာတံတားတက်ကာမာမီ့နောက်ကိုမြန်မြန်အလိုက် တစ်ယောက်ယောက်ကကြိုးဖိနပ်ကိုတက်နင်းသည်မို့ ကြိုးဖိနပ်လေးပျက်သွားရသည်

'အ'

ကြိုးအသံကြောင့်မာမီလှည့်ကြည့်လာသည်

'ဘာဖြစ်တာလဲ'
'ဖိနပ်ကိုတစ်ယောက်ယောက်ကတက်နင်းလို့ပျက်သွားပြီ'
'မင်းမလဲအရာရာနဲ့အကြောင်းကြောင်း မင်းနဲ့ဆိုဘယ်တော့မှလိုရာခရီးမြန်မြန်မရောက်ဘူး'
'မာမီကလဲ'
'ဒီမှာနေခဲ့'
'မာမီဘယ်သွားမလို့လဲ'
'ငါ့ဘာသာငါသွားမယ် မင်းဒီမှာပဲစောင့်ကျန်ခဲ့'

မာမီထားခဲ့ပြီအထင်နဲ့ကြိုးတစ်ယောက်ဝမ်းနည်းကာကျန်ခဲ့ရသည် သို့ပေမဲ့

'ရော့'

ဖိနပ်တစ်စုံကမ်းပေးနေတဲ့မာမီ

'လမ်းမှာလွှန်ပစ်ထားတာတွေ့လို့ကောက်လာတာ မြန်မြန်စီး ပြီးရင် မြန်မြန်သွားမယ်'

မာမီဟာခက်ထန်သယောင်နှင့်တစ်ဖက်သားကိုဂရုစိုက်တက်သည်
...........
'သွားပါပြီ ဘယ်လိုလုပ်ရမလဲ'

ကြိုးတစ်ယောက် အမှတ်တရတွေရှိနေတဲ့ဖိနပ်အပျက်လေးကိုကိုင်ကာလမ်းမထက်ညည်းတွားနေမိတယ်

'ဘာဖြစ်လို့လဲဗျ'

အမျိုးသားတစ်ယောက်ပင်

'ဖိနပ်ပျက်သွားလို့'

'ကျွန်တော်ကူညီနိုင်တာဘာများရှိမလဲဗျ'

သီရိမြိုင်Where stories live. Discover now