4 months later
ကြိုးတိုက်ခန်းတစ်ခုမှာနေရင်းကျောင်းဆက်တက်ခဲ့တယ် နှိုင်းနဲ့အန်တီဦးသာသိတဲ့နေရာပေါ့ ပြီးတော့ ကော်ဖီဆိုင်မှာလဲအချိန်ပိုင်းအလုပ်ဝင်လုပ်ဖြစ်သည် သီရိမြိုင်ကနေ ထွက်ခွာလာခဲ့တဲ့ တစ်နှစ်ပတ်လုံးမာမီ့အကြောင်းမတွေးမိ စိတ်မပူမိတဲ့ရက်ဟူ၍မရှိ အချစ်ဆိုတဲ့အရာကလဲထူးဆန်းသား ဦးနှောက်ကသာမုန်းဖို့တိုက်တွန်းခဲ့ပေမဲ့ နှလုံးသားက မမုန်းနိုင်ခဲ့ဘူးမဟုတ်လား'မှာထားတာလေးတွေရပါပြီရှင့်'
'ဒီမှာပိုက်ဆံပါ'
'ဝယ်ယူအားပေးမှု့အတွက်ကျေးဇူးတင်ပါတယ်'
ဆိုင်ကဝန်ထမ်းအချင်းချင်းကြားမှာတောင် ကြိုးကအချစ်ခံလေးပင်
'ကြိုး ဒီမှာ စား'
'Wow အရသာအရမ်းရှိတာပဲ'
'မမရဲ့ကြိုးလေးစားဖို့တကူးတကစပရှယ်ချက်လာတာ မကောင်းပဲနေမလား'
'ချွင်!'
ဆိုင်ထဲလူဝင်လာရင်တံခါးဝကခေါင်းလောင်းလေးကအသံမြည်တာမို့ အားလုံးဆိုင်ထဲဝင်လာသူကိုကြည့်လိုက်ကြတယ်
'ကြိုဆို... ဪ မင်းသူပြန်လာပြီပဲ'
မင်းသူဆိုသည်ကား ကြိုးတို့ဆိုင်ရဲ့ deli orderတွေကိုလိုက်ပို့ပေးတဲ့ဝန်ထမ်းကောင်လေးပင် ပြီးတော့ ကြိုးကိုကြိုက်နေသူလည်းဖြစ်သည် မင်းသူကကြိုးတို့ထိုင်တဲ့ဝိုင်းဆီလျှောက်လာကာခုံတစ်ခုံဆွဲပြီး ဝင်ထိုင်တယ်
'သွားပို့တာပြန်လှချေလား'
'Deliတွေ စားသုံးသူတွေဆီကိုရောက်ဖို့အမြန်ဆုံးလမ်းတွေကိုသိတယ်လေ ဒါပေမဲ့တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်မဲ့အမြန်ဆုံးလမ်းကိုတော့မသိဘူး'
'Wow proကြီးဟ တော်ကီကြွယ်တယ်ကွာ'
မင်းသူက
'ကြိုး'
'အင်း'
'ပိတ်ရက်ကျအားလား'
'ဘာလို့'
'ရုပ်ရှင်တူတူသွားကြည့်ကြမလား'
'အခန်းမှာ tv ရှိတယ် ဖုန်းမှာ Netflix ရှိတယ် ရုပ်ရှင်ရုံသွားစရာမလိုဘူး'
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"