'ကဲ နှစ်ယောက်သားစကားပြောပြီးရင်လိုက်ခဲ့ကြ'
'ဟုတ် အန်တီ'
မေမေအိမ်ထဲဝင်သွားတော့မှပဲ မြတ် ကိုလတ်ရဲ့လက်ကိုပုတ်ချလိုက်တယ်
'မြတ်ကိုလွှတ် ကိုလတ်'
'ကိုကလဲမင်းအသားကိုသိပ်ထိချင်နေတယ်များထင်နေလား အန်တီရှေ့မှာမို့သာဟန်ဆောင်နေတာ'
နှစ်ဖက်မိဘတွေကြောင့်သာစေ့စပ်ထားကြရတာ တစ်ယောက်နဲ့တစ်ယောက်လုံးဝကြည့်မရကြပေ
' ဒါဆိုလဲ စေ့စပ်ထားတာဖျက်သိမ်းကြရအောင် ကိုလတ်'
'ချစ်သူရှိနေလို့လား'
'တစ်ယောက်နဲ့တစ်ယောက်သဘောလဲမကျဘူး အကျင့်စရိုက်လဲမတူကြဘူး ပြီးတော့ မြတ်မှာ ချစ်သူကတော့မရှိပေမဲ့နှစ်သက်သဘောကျနေရသူရှိတယ်'
'ကို့ဘက်ကနေဖျက်သိမ်းဖို့ကအဆင်မပြေဘူး ဖျက်သိမ်းချင်ရင်တောင်အကြောင်းအရင်းခိုင်ခိုင်မာမာရှိမှဖြစ်မှာ ကိုတို့တွေက သီရိမြိုင်နဲ့ယှဥ်ရင်လုပ်ငန်းရှင်အသေးလေးတွေပါ
မြတ်အမေလက်ဖျောက်တစ်ချက်မှာ အစနရှာမရအောင်ပျောက်ကွယ်သွားနိုင်တယ်''အကြောင်းအရာကိုမြတ်ဖန်တီးမှာမို့ ကိုလတ်ဘက်ကဂတိတည်ပါ'
'မင်းမှာသစ္စာလူမှာဂတိ ငါကယောကျ်ားတစ်ယောက် ဂတိကိုအသက်ထပ်ပိုစောင့်ထိန်းတယ်'
.............
'နွယ်''ရှင့်'
'မြတ်ခရီးသွားရမယ် ဘယ်ကိုလဲ ဘာကြောင့်လဲ ဘယ်လောက်ကြာမှာလဲ'
'မေးခွန်းတွေများလိုက်တာ'
'ဖြေမှသာဖြေစမ်းပါ'
'နယ်စပ်ကို အလုပ်ကိစ္စကြောင့် ဘယ်လောက်ကြာမယ်တော့မသေချာဘူး'
'မြန်မြန်တော့ပြန်လာမယ်မလား'
'ဒါပေါ့ မြတ်ကနွယ်နဲ့အကြာကြီးမခွဲနိုင်ဘူး'
ထိုစကားလေးကနွယ့်ကိုတကယ်နွေးထွေးစေရဲ့ ဒါပေမဲ့လဲ မြတ်ရဲ့ခင်ပွန်းလောင်းဆိုသောအရာကိုဒီနေ့ထိနွယ်ခေါင်းထဲကမထုတ်နိုင်သေးပေ
'မြတ်'
'အွန်း'
'ကိုဇင်ကိုလတ်နဲ့လက်ထပ်မှာလား'
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"