'မြတ် ကြီးကြီးကိုစျေးကိုဘာမှာဦးမလဲ'
'မြတ် ကျောင်းသွားရင်ပန်ရအောင် နှင်းဆီခပ်လှလှတစ်ပွင့်လိုချင်တယ် မဟုတ်ဘူး မြတ်ကိုယ်တိုင်လိုက်မယ်'
'ဖြစ်ပါ့မလား'
မြတ်က နဲနဲအနံ့သက်မကောင်းရင်တောင် ရွံတက်တဲ့သူမို့
စျေးကအနံသက်ပေါင်းစုံနဲ့မရလောက်ဘူးလို့ ကြီးကြီးတင်ထင်နေသည်'စျေးထဲမှာကအနံသက်စုံတယ်မြတ်ရဲ့'
'ပန်းဆိုင်ကစျေးထဲမှာလား'
'စျေးဝမှာ'
'အဲ့တာဆိုမြတ် စျေးဝမှာစောင့်ကျန်ခဲ့မယ်'
'အင်း'
နဂိုဆိုလမ်းလျှောက်ကာစျေးကိုလာတက်တဲ့ကြီးကြီးတင် ခုတစ်ခေါက်မြတ်ပါသည်မို့ကားနဲ့လာတာ အားလုံးကဝိုင်းကြည့်နေကြတယ်
'မမလေး လူကကြပ်တော့ကားကဆက်ဝင်လို့မရတော့ဘူး'
'ဒါဆိုလဲဆင်းလျှောက်တာပေါ့'
ကြီးကြီးတင်နဲ့နှစ်ယောက်သားလမ်းဆင်းလျှောက်ကြတယ်
လူတွေကမြတ်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့'သူတို့ကဘာလို့မြတ်ကိုကြည့်နေကြတာလဲ'
'မြတ်လိုလူကိုမမြင်ဖူးကြဘူးလေ'
'ဘယ်လို'
'ဒီလိုသာမာန်စျေးလေးကို နိုင်ငံခြားဖြစ်ကားကြီးစီးလာတာရော ပြီးတော့မြတ်က လှတာကို အဲ့တော့ငေးကြည့်ကြတာပေါ့'
'ကားက မြတ်တစ်ယောက်ထဲစီးနိုင်တာမှမဟုတ်တာ ဒါပေမဲ့ မြတ်လှလို့ကြည့်ကြတယ်ဆိုတဲ့အချက်ကိုတော့လက်ခံတယ်'
'အဲ့မှာပန်းဆိုင်မြတ် ကြီးကြီး စျေးဝယ်ပြီးမြန်မြန်ပြန်ထွက်လာခဲ့မယ်'
'ဟုတ်ပြီ'
မြတ်လဲပန်းဆိုင်ဆီလျှောက်သွားခဲ့တယ် ပန်းဆိုင်ကစျေးရောင်းတဲ့ကောင်မလေးကငိုက်နေသည်
'ဒီမှာ'
ငိုက်နေတဲ့ကောင်မလေးကမြတ်ခေါ်နေတာတောင်မိုးမလာ ဒါကြောင့်အသံမြှင့်ကာအော်နှိုးလိုက်သည်
' ဒီမှာ!'
'အမလေး'
အင်္ကျီခပ်နွမ်းနွမ်း ဝတ်ဆင်ထားတဲ့ကောင်မလေးက မြတ်အော်လိုက်တော့လန့်သွားတယ် ပြီးတော့ မြတ်ကိုကြောင်ကြည့်နေတယ်
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"