"unicode"ပါတီပွဲကျင်းပမဲ့ညသို့ရောက်လာသည်
အကုန်ပြင်ဆင်ပြီးလို့အခန်းအပြင်မှာရပ်စောင့်ပေးနေတဲ့jungkookခနအကြာတော့taehyungအခန်းထဲကထွက်လာတော့အသက်ရှူသံတွေမှားသွားတော့မလိုဖြစ်သွားရသည်
တော်ဝင်မင်းသားလေးလိုချောမောလွန်းတယ် ဆံပင်ကောက်ကောက်ကလေးတွေနဲ့
လှသည်ထက်ပိုပြီးလှနေသောကောင်လေးဟာစိတ်မချချင်စရာလေးပင် သူ့ရင်ခွင်ထဲသာထည့်သိမ်းထားပြီးသော့ခက်ထားလို့ရရင်ကောင်းသား..ပေါက်ပေါက်ရှာရှာအတွေးတွေက ကလေးလေးစကားပြောသံထွက်လာမှအဆုံးသတ်သည်"ယောင်းပြင်ဆင်လို့ပြီးပြီဦး.."
"ဟုတ်ပြီ.."
"ဦးဂျွန်..ယောင်းကြည့်ရအဆင်ပြေရဲ့လားဟင်"
"အင်း..လှတယ်"
ပုံမှန်မပြောတဲ့ဦးဂျွန်က "လှတယ်" လို့ပြောတော့ထယ်ယောင်းစိတ်ထဲကြိတ်ပျော်သွားရသည်
"ကျေးဇူးပါဦးဂျွန်.."
"သွားကြရအောင်ကလေး"
ပါတီပွဲကျင်းပတဲ့အဆောက်အအုံရှေ့ရောက်လာခဲ့သည် ကားပါကင်အတွင်းjungkookကားရပ်ပြီးသူအရင်ဆင်းကာထယ်ယောင်းဘက်ကကားတံခါးသွားဖွင့်ပေးသည်
ပြီးတာနဲ့taehyungလက်ကိုဆွဲယူကာသူ့[jk]လက်မောင်းကိုအသာအယာချိတ်စေတော့..ထယ်ယောင်းရင်တစ်ခုံလုံးသိမ့်ကတည်းဖြစ်သွားရ၏
"ကိုယ့်လက်မောင်းကိုချိတ်ထား.."
"ဟုတ်ဦး"
taehyungစိတ်လှုပ်ရှားနေမိသည် ဒါကိုjungkookကရိပ်မိတော့
"စိတ်လှုပ်ရှားနေတာလား?.. ကိုယ်ရှိတယ် စိတ်အေးအေးထား"
YOU ARE READING
𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]
Fanfictionkim taehyungဆိုသည့်ကလေးငယ်သည်သူထပ်ခါထပ်ခါတွယ်ငြိမိချင်သောနှောင်ကြိုးလေးလှလှကလေးဖြစ်သည် [ဦးဂျွန်]