"unicode"
taehyungပျော်ရွှင်စွာ အိတ်လေးဆွဲပြီးအိမ်ထဲဝင်လာသည်။
"ပြန်ရောက်ပါ-"
စကားတောင်မဆုံးလိုက်သေးမြင်လိုက်ရတဲ့လူတစ်ဦးကြောင့်taehyungဆွံအသွားသည်။
"ဒယ်ဒီ!"
ဒယ်ဒီဟာပြန်ရောက်နေပြီးဘေးမှာnamjoon hyungနဲ့yoongi hyungနဲ့ကခေါင်းကိုငုံ့ထားပြီး မေမေလေးကတော့မျက်နှာမသာမယာနဲ့ပင်။
"ပြန်ရောက်ပြီလား...ပြီးရင်ဧည့်ခန်းထဲလာခဲ့ပါဦးသားငယ်"
မပြုံးလဲမပြုံး တည်နေတဲ့ဒယ်ဒီမျက်နှာကြောင့်တစ်ခုခုဆိုတာကိုသူသဘောပေါက်လိုက်သည် စိတ်ကိုအဆင်သင့်ပြင်ထားပြီး အပေါ်ထပ်သူ့အခန်းထဲအိတ်တွေသွားထားပြီး ဧည့်ခန်းထဲတိတ်တဆိတ်လျှောက်လာလိုက်သည်။
အကုန်လုံးဟာဘာစကားမှမပြောအိမ်သန့်ရှင်းရေးတာဝန်ယူထားတဲ့လူတွေကိုလဲတစ်ယောက်မှမတွေ့ရ သူရောက်လာတော့ ဒယ်ဒီ့ရဲ့သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရတယ်။
"ဒယ်ဒီတို့စကားပြောဖို့လိုပြီသားငယ်..."
"ဟုတ်ကဲ့..."
"ငါ့သားငယ်လေးတောင်လိမ်တတ်နေပြီပဲ.."
"....."
သူကြောက်နေမိတာ တကယ်တမ်းဒယ်ဒီသိသွားရင်ဆိုတဲ့အတွေးတွေးခဲ့ဖူးပေမယ့် လက်တွေ့ကြုံတွေ့ရတဲ့အခါလက်ဖျားတွေအေးစက်လာခဲ့သည်။
"3လနီးပါး အလုပ်ကိစ္စလို့လိမ်ပြီးပျောက်သွားတာကယောကျ်ားတစ်ယောက်နဲ့နီးစပ်ဖို့အတွက်တဲ့လား...ဒါအပြင်အကိုဖြစ်သူတွေကပါဝိုင်းလိမ်ထားပေးကြတာပဲ"
စကားကိုခပ်အေးအေးပြောနေပေမယ့် ဒယ်ဒီစိတ်တိုနေတာကိုခန့်မှန်းမိပါသည် ဘယ်သောအခါမှအပြစ်လုပ်တိုင်းလေသံမာမာနဲ့ပင်သူ့ကိုမအော်ငေါက်ခဲ့ဖူးပါလေ။
"ဒယ်ဒီ့ကိုတသက်လုံးဖုံးထားနိုင်မယ်လို့ထင်သလား...ဒယ်ဒီ့မျက်နှာကိုတည့်တည့်ကြည့်ပြီးဖြေသားငယ်"
ကိုယ့်အပြစ်နဲ့ကိုယ်မလို့ဒယ်ဒီ့မျက်နှာကိုစေ့စေ့မကြည့်ရဲပါ အသက်ဝဝရှူသွင်းလိုက်ပြီးဒယ်ဒီ့ကိုကြည့်လိုက်သည်။
YOU ARE READING
𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]
Fanfictionkim taehyungဆိုသည့်ကလေးငယ်သည်သူထပ်ခါထပ်ခါတွယ်ငြိမိချင်သောနှောင်ကြိုးလေးလှလှကလေးဖြစ်သည် [ဦးဂျွန်]