"unicode"
taehyungလေးနားဝင်ထိုင်လိုက်တော့သစ်ပင်ကိုမှီပြီးအိပ်နေတဲ့ကလေးငယ်သည်ရုတ်တရပ်သူ့ပုခုံးပေါ်ခေါင်းလေးမှီကျလာသည် ခေါင်းလုံးလုံးလေးကိုမသိမသာခိုးနမ်းလိုက်သည်နူးနူးညံ့ညံ့..
အင်း သူလဲဒီကလေးနဲ့တွေ့မှအနမ်းသခိုးလုံးလုံးဖြစ်နေပါရောလား၊
လူကလဲအနည်းငယ်ပင်ပန်းနေတာဖြစ်လို့သူပါမျက်စိခနမှိတ်ပြီးအနားယူလိုက်သည်....၊
taehyungနိုးလာတော့သူ့ဘေးမှာမျက်လုံးမှိတ်ပြီးအနားယူနေတဲ့ဦးဂျွန် ဘယ်ချိန်ကပြန်ရောက်လဲမသိပေမဲ့ညနေပင်စောင်းနေလေပြီ
"ဦးဂျွန်ကတကယ်ကြည့်ကောင်းလိုက်တာ.."
"အင်း ကိုယ်သိတယ်.."
ဦးဂျွန်မျက်လုံးတို့ဖွင့်လာကာသူ[taehyung]ရဲ့စကားကိုပြန်ဖြေတော့အံသြသွားပြီးမျက်နှာပူထူသွားရသည်
taehyungရှက်သွားတဲ့ပုံလေးသည်ချစ်ဖို့ကောင်းနေသည်မလို့jungkookမျက်နှာမလွဲစိုက်ကြည့်နေမိသည်..တကယ်ကိုလှသည်..ယောက်ျားလေးတယောက်ဖြစ်နေပါလျှက်နဲ့ချောမောခြင်းရောလှပခြင်းရောပြည့်စုံတဲ့လူတယောက်ဖြစ်သည်
"ဦး.ဦးဂျွန် နှိုးနေတာလား"
"အွန်း..အစောကတည်းကနိုးနေတာပါ"
အာ..ရှက်လွန်းလို့သူမြေကျင်းတူးပြီးသာဝင်နေလိုက်ချင်သည်
"ဟို..ဟို အလုပ်ကအရေးကြီးကိစ္စပြီးလို့ပြန်လာတာလားဦးဂျွန်"
"အင်း ခနပြန်လာတာ ပြန်သွားရမှာ ဒီညကိုယ့်ကိုမစောင့်နဲ့တော့ ပြန်လာဖြစ်မှာမဟုတ်လောက်ဘူးအလုပ်များနေတော့"
"ဟင်..ဦးဂျွန်ကဒါဆိုဒီနေ့ညပြန်မလာဖြစ်ဘူးပေါ့"
မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်လာပြီးတဖြည်းဖြည်းမဲ့ကျလာတဲ့ကလေးငယ်ကိုကြည့်ပြီးjungkookခေါင်းလေးကိုပုတ်လိုက်သည်
"ဟုတ်တယ်..အဲ့တာကြောင့်အိမ်မှာကောင်းကောင်းနေ jinလည်းရှိပါတယ် ကလေးလေးကြောက်စရာမလိုဘူး"
"ယောင်းလိုက်လို့မရဘူးလားဟင် ယောင်းတယောက်ထဲမအိပ်ချင်ဘူး ဦးဂျွန်မရှိပဲမနေချင်ဘူး.."
YOU ARE READING
𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]
Fanfictionkim taehyungဆိုသည့်ကလေးငယ်သည်သူထပ်ခါထပ်ခါတွယ်ငြိမိချင်သောနှောင်ကြိုးလေးလှလှကလေးဖြစ်သည် [ဦးဂျွန်]