"unicode"ထယ်ယောင်းပြန်လာတာနဲ့ဧည့်ခန်းထဲမှာထိုင်နေတဲ့ဆော့ဂျင်ကိုတွေ့ရသည်
"ကျွန်တော်ပြန်လာပြီ မုန့်တွေလဲဝယ်လာတယ်ဂျင်ဂျင်အတွက်ဒါက"
"အော..ရပါတယ်ကွာ ထယ်ယောင်းလေးသာဝအောင်စား"
"ဂျင်ဂျင်မုန့်ကြိုက်တာသိလို့ဝယ်လာပေးတာမို့ ယူလိုက်နော်"
ပြုံးပြုံးလေးနဲ့ပြောပြီးအိမ်ပေါ်သို့တတ်သွားသည့်ထယ်ယောင်းကြောင့် ဆော့ဂျင်ကြည့်နေရင်းအတွေးတွေများနေရ၏
"အာ..ငါအတွေးများနေပြီပဲ...မဖြစ်နိုင်လောက်ဘူးမလား"
ခေါင်းခါလိုက်ကာ သူ့အတွေးတွေကိုဂျင်ခေါင်းထဲကထုတ်လိုက်သည်
ထယ်ယောင်းအိမ်ပေါ်သို့ခပ်မြန်"ပြေးတက်ကာ နောက်တော့ဒယ်ဒီဆီကဖုန်းကောဝင်လာသည်မလို့ကိုင်လိုက်သည်
"ဟယ်လို သားငယ်"
"ဟုတ်ကဲ့.."
"အခုမှပဲအသံလေးကြားရတော့တယ် ဘယ်တွေများခရီးတွေထွက်နေတာလဲ သားငယ်"
"ဒယ်ဒီကလဲသားကခရီးထွက်ရတာကြိုက်တာဒယ်ဒီ အသိပဲလေ အလုပ်ကိစ္စကောပါတာမလို့ကြာနေတာပါ ဒယ်ဒီကောအဲ့မှာမျက်စိခွဲတာအဆင်ပြေရဲ့လား"
"အင်း အကုန်လုံးပြေပါတယ် ဒီမှာကနေရအဆင်ပြေတယ်"
"ဂရုစိုက်နော် သားကဘာမှမဖြစ်ဘူးစိတ်မပူနဲ့"
"မပူစရာလား ဒယ်ဒီကျားပေါက်လေးကို မကြာခနဖုန်းဆက်ပါဦး ပျောက်သွားလိုက်တာများ ဖုန်းဆက်ဖော်တောင်မရဘူးငါ့သားငယ်လေးတို့များ"
"ဟီး ဖုန်းသိမ်မကိုင်ဖြစ်လို့အလုပ်ကိစ္စတွေရှုပ်နေတာမလို့ပါ သားကဒယ်ဒီကိုလွမ်းတာပေါ့ဗျာ"
"လွမ်းသေးတာလား မသိပါဘူးကွာဒယ်ဒီကိုမေ့များမေ့နေပြီလားလို့"
"မဟုတ်တာ သားကသတိရနေတာပါနော် ဟွန်း"
"ဒယ်ဒီလဲလွမ်းနေတာသားငယ်လေးကို ဖုန်းဆက်မရလို့ပြန်လာမလို့တောင်လုပ်နေတာ"
"အဲ့မှာပိုနေရတာဒယ်ဒီအတွက်အဆင်ပြေတယ်လေ ပြီးတော့ဒယ်ဒီကျန်းမာရေးအရအဲ့မှာကစိတ်ချရတာမလို့ပြန်မလာသေးပါနဲ့ဦး"
YOU ARE READING
𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]
Fanfictionkim taehyungဆိုသည့်ကလေးငယ်သည်သူထပ်ခါထပ်ခါတွယ်ငြိမိချင်သောနှောင်ကြိုးလေးလှလှကလေးဖြစ်သည် [ဦးဂျွန်]