"unicode"
Jeon JumSeongကျိန်ဆဲနေမိသည် မခန့်လေးစားနဲ့သူ့ဖုန်းကိုရာရာစစချသွားရဲတယ်? အဲ့ဒီjeon jungkookဆိုတဲ့မလောက်လေးမလောက်စားလေးကသူ့ကိုဒုက္ခတော်တော်ပေးတုန်း။
အလုပ်စားပွဲပေါ်ကိုတစ်တောက်တောက်ခေါက်ကာအသဲအသန်စဥ်းစားနေမိသည်
ထိုစဥ်အမောတကောဝင်လာသောသူ့အတွင်းရေးမှူး။"အခြေအနေမကောင်းတော့ပါဘူးဥက္ကဋ္ဌကြီး"
"ဘာ?"
"အဆိုးဘက်ကိုပဲဆက်တိုက်ဦးတည်နေတာမို့အခြေအနေငြိမ်ဖို့ခက်ပါတယ် တင်ထားတဲ့platformကိုလည်းဖြုတ်ချလို့မရအောင်လုပ်ထားပါတယ် ဒီပုံတိုင်းဆိုမကောင်းတော့ပါဘူးဥက္ကဋ္ဌကြီး"
"သောက်သုံးမကျတဲ့ကောင်တွေ!!"
အတွင်းရေးမှူးစကားအဆုံးမျက်နှာကြီးနီရဲလာကာအတွင်းရေးမှူးဖြစ်သူကိုအားပြင်းပြင်းနဲ့ထိုးချလိုက်တာကြောင့်ကြမ်းပြင်ပေါ်သို့ဖင်ထိုင်လျှက်ကျသွားသည် ဒါကိုအင်္ကျီကိုဆောင့်ဆွဲပြီးဆက်တိုက်ထိုးနေသည် သွေးတွေဖျာကျတဲ့အထိထိုးနှက်နေပြီး ဒေါသအနည်းငယ်ပြေသွားမှမတ်တပ်ရပ်ကာကုတ်ကိုပြန်ပြင်ပြီး လက်ကိုလက်သုတ်ပုဝါနဲ့သုတ်နေတဲ့Jeon JumSeong
အတွင်းရေးမှုးခမျာအခုထိမထနိုင်သေးပေ။
"အမှိုက်လိုကောင်အခုထစမ်း"
ခြေထောက်နဲ့တစ်ချက်ဆောင့်ကန်ပြီးပြောလာတာကြောင့်ကုန်းရုန်းထရသည် မဟုတ်ရင်ဒီ့ထက်ပိုဆိုးတာတွေကိုလဲလုပ်လာနိုင်သည်။
"ဥက္ကဋ္ဌကြီး.."
"ဒီကိစ္စကိုကြိုးကိုင်တဲ့လူကိုမရရအောင်စုံစမ်း ငါသိချင်တယ် မိလို့ကတော့အသေပဲ!! ဘယ်သူ့ကိုလာစမ်းတာလဲခွေးမသားတွေ!"
"ဟုတ်ကဲ့ ကျွန်တော်တို့စုံစမ်းနေပါတယ်ဥက္ကဋ္ဌကြီး"
"အရင်ဆုံးအဲ့တင်ထားတဲ့ဟာကိုဖြုတ်ချဖို့လိုတယ်ကျွမ်းကျင်တဲ့network engineerတွေခေါ်ပြီးပိုက်ဆံဘယ်လောက်ကုန်ကုန်ဂရုမစိုက်ဘူး အဲ့တာကိုထပ်မမြင်ချင်ဘူး!! အာရုံသေချာစိုက်ပြီးလုပ်စမ်းပါ မဟုတ်ရင်မင်းတို့လဲအငြိမ်နေမယ်မထင်နဲ့နော် ခွေးလိုကောင်တွေ"
YOU ARE READING
𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]
Fanfictionkim taehyungဆိုသည့်ကလေးငယ်သည်သူထပ်ခါထပ်ခါတွယ်ငြိမိချင်သောနှောင်ကြိုးလေးလှလှကလေးဖြစ်သည် [ဦးဂျွန်]