ဂျယ် (သို့မဟုတ် ) ချစ်ဦးသူ (1)

555 30 58
                                    

အချိန်တွေဟာ မျက်စိတစ်မှိတ်အတွင်း လျှင်မြန်စွာစီးဆင်းသွားသည်။ယခုဆို Year 11 ပီးသည်မှာ 2လကြာမြင့်သွားပြီး Year 12ကို တက်ရောက်ရတော့မည်။ နောက်ဆုံးနှစ်၏ ပထမဆုံးနေ့ ဖြစ်တာကြောင့် Asahi အတော် စိတ်လှုပ်ရှားနေ၏။

Australia  နိုင်ငံ Sydney မြိုမှာတည်ရှိတဲ့ Conservatorium High Schoolဟာ  နွေးထွေးမှုတွေနှင့် Asahi အားကြိုဆိုလျက်ရှိသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက Conservatorium အထက်တန်းကျောင်းတော်ကြီးတွေ ပညာသင်ယူခဲ့တာမို့ ဤကျောင်းအားအတော်သံယောဇဉ်ရှိကာ ပျော်ပိုက်မိသည်။

Asahi Hamada ဆိုတဲ့ သူက ဂျပန်လူမျိုးစစ်စစ်တစ်ယောက်ပါ။ အသက်လေးနှစ်က စပြီး  Sydney ကိုမိဘတွေနဲ့တူတူပြောင်းရွေ့အေခြချခဲ့တာပင်..ကျောင်းမှာဆိုရင် Asahi က စာတော်တဲ့ကျောင်းသားတစ်ယောက်ပါ။ ရုပ်ရည်ကလဲ အတော်ချောတာပေမဲ့အနေအေးတာမို့ အေတာ်များများက ရှိန်ကြသည်

မရှိန်ကြတာတော့ Ryan,Aiden  , Ethan အပြင် Evelyn နဲ့ Haeunဆိုတဲ့ ကောင်မလေးနှစ်ယောက်။Ethanနဲ့ Evelyn က အမွှာတွေဖြစ်ပီးတော့ Ryan နဲ့ Evelyn ကချစ်သူတွေပင် သူတို့ 3ယောက်လုံးက Australian တွေပါ။ Yoo Haeun ကတော့ ကိုရီးယားပေါ့

ပညာရေးမှာတော်တဲ့ Asahi ၊ ဘောလုံးကစားတာမှာဆရာကြီး Ethan ၊ savage ရေခဲမင်းသား Aiden၊ basketball ကစားသမား Ryan ၊ Asahi လိုပဲစာတော်တဲ့အပြင်  မိန်းမချင်းတောင် လည်ပြန် ေငးရမဲ့ အလှနဲ့  Evelyn၊ စပ်စလူးစိန် ဆပ်ဆပ်ကြဲ Haeun  တို့ကြောင့် သူတို့ Squadက လူသိများသည်။အများက အားကျတယ်ပြောပေမဲ့ တကယ်ကတော့ Young .. Dumb.. stupid ပါ

အခုလဲ ကျောင်းထဲတောင်မဝင်ရသေးဘူး  Ryan ပုခုံးဖက်တာခံနေရပီလေ...

Locker အသစ်တွင်လွယ်အိတ်ထည့်ကာ အတန်းချိန်အတွက်စာအုပ်ကိုသာယူခဲ့ပီး အတန်းအသစ်သို့ ဝင်ခဲ့လိုက်၏။ အတန်းအသစ်ထဲရောက်တော့ မနှစ်က လူတွေအပြင် လူသစ်တွေကို ပါတွေ့လိုက်ရသည်။ Haeunဘေးမှာေတာ့ကောင်လေးတစ်ယောက်

"အော် Asahi ရောက်ပီလား.. ခနလာအုံးမိတ်ဆက်ပေးမလို့"
သူ့နားကို ဇွတ်လှမ်းခေါ်နေသူအား ခနဟုပြောကာ  စာအုပ်တွေကို နေရာချလိုက်၏။ ပီးမှ Haeun ဘေးသွားလိုက်၏

TREASURE Short story collectionWhere stories live. Discover now