Ab imo pectore (final)

240 25 60
                                    

(G)I-DLEရဲ့ Oh my god သီချင်းကို အခြေခံရေးထားတာမို့ သီချင်းလေးကိုလဲ recommend ပေးပါတယ်နော်

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအချိန်..
ကမ္ဘာပေါ်တွင် နတ်ဆိုးများ ခြေချင်းလိမ်လျက်ရှိသည်။ ‌တစ်နေ့တစ်ခြား လူသားများကို အနှောင်အယှက်ပေးလာတာကြောင့် ကောင်းကင်ဘုံရှိနတ်ဘုရားများက လူသားတွေဘက်မှနေ၍ ပြန်လည်ခုခံပေးခဲ့သည်။  ဤသည်မှစကာ ကြီးမားကြာရှည်သော စစ်မီး ပျံ့လွင့်ခဲ့၏။ တငွေ့ငွေ့ တောက်လောင်ခဲ့သော စစ်မီးသည် အနှစ်တစ်ရာကြာသည်အထိ မငြိမ်းနိုင်ပါပဲ .. လှိုက်လောင်ကျွမ်းနေ၏။

စစ်ပွဲအတွင်း နေနတ်ဘုရား၏ ကြင်ယာတော်‌ေလာင်း ကုသခြင်းနတ်ဘုရားသည် သမားတို့ထုံးနှလုံးမူကာ နတ်ဆိုးတစ်ပါးအားကယ်တင်‌ေပးခဲ့ခြင့်ဖြင့် ဒဏ္ဍာရီတစ်ပုဒ်စတင်ခဲ့၏။


အသုံးမပြုသည်မှာ ကြာပီဖြစ်သော မိမိနန်းဆောင်အတွင်း Haruto လှမ်းဝင်လိုက်၏။ အဖိုးတန်ဆေးမြစ်နံ့များနှင့် စိတ်ကြည်နူးဖွယ်ရာ ဖြစ်နေသော နန်းဆောင်အတွင်းဝယ် နတ်ဆိုးတစ်ပါး၏ အရှိန်အဝါကား ပျံ့လွင့်နေ၏။

ခြောက်ကပ်နေ‌ေသာ  ပင်မနန်းဆောင်အတွင်းရှိ သလွန်ထက်ဝယ် လှဲလျောင်းနေသော  ဖြစ်တည်မှုကို တွေ့ရှိလိုက်၏

"မင်းသက်သာရဲ့လား Yoshinori"

နဂိုကမှ နှင်းလိုဖြူသော မျက်နှာဟာ ရေခဲတစ်လွှာအုပ်ထားသကဲ့လို ကြည်လင် ဖျော့‌ေတာ့နေ၏။

"ဘာလို့ ကိုယ့်ကို ကယ်ထားတာလဲ ကြင်ယာတော်"

Haruto တစ်ချက်ရယ်မိသည်။
"ဘာကို ကြင်ယာတော်‌လဲ ငါ သူရဲ့လက်တွဲဖော်မ‌ဖြစ်သေးပါဘူး"

ကုသခြင်းနတ်ဘုရားဖြစ်သည့် Haruto ကို နေနတ်ဘုရားက စွဲလမ်းမိတာကြောင့် ကောင်းကင်ဧက္ကရာဇ်အားခွင့်တောင်းတာ လက်ထပ်ခွင့်တောင်းခဲ့သည်။ နဂိုအေးသော Haruto လဲ ပြဿနာတွေ မဖြစ်ချင်တာမို့လက်ခံခဲ့၏။  သို့သော် စစ်ပွဲ‌များဖြစ်ပေါ်လာတာမို့  လက်ထပ်ပွဲမှာ နောက်သို့ အရွှေ့ခံလိုက်ရသည်။  စစ်ပွဲများကြောင့် စိတ်မချဟုဆိုကာ နေနတ်ဘုရားက သူ့နန်းဆောင်သို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်မှာ အနှစ် ၇၀ခန့်ရှိပီ။

TREASURE Short story collectionWhere stories live. Discover now