My Anti-fan Became My Lover (end)

194 27 50
                                    

"ဗျာ လျှို့ဝှက်ထားပေးရမယ်?"
"အင်း .. အကိုတို့ နှစ်ယောက်နဲ့ ruto အပြင် တစ်ခြား ဘယ်သူမှ မသိတာမို့ .. ကူညီပေးပါ Ruto"
"ကူညီတာက ရပါတယ်ဗျာ ဒါပေမဲ့ ဒီလိုလျှို့ဝှက်ထားရုံနဲ့ ပီးမယ်ထင်နေလားဗျ?"

အကိုနှစ်ယောက်က တိတ်ဆိတ်သွားသည် ။ ခနနေမှ Doyoung hyung က တိုးလျှစွာ
"အကိုတို့ ပစ္စုပ္ပန်မှာပဲနေချင်တယ် ruto အနာဂတ်ဆိုတာ မသိချင်ဘူး.. အနာဂတ်က မသေချာဘူးမလား?"
"ဟုတ်ပါပီ သဘောပါဗျာ  .. ဘယ်ကတည်းက စတွဲနေတာလဲ?"
"Tmap S1 နောက်ဆုံးအပိုင်းရိုက်တဲ့နေ့က"
"ဗျာ? ဆိုတော့ Debut မလုပ်ခင်ကတည်းကပေါ့"

၅နှစ်ကျော် ဖုံးကွယ်ထားတဲ့ အကိုနှစ်ယောက်ကို  ကြက်သေ သေကာကြည့်နေမိသည်။ ခနကြာမှ

"ခုတော့ အပြင်လေးထွက်ပေးကြပါ .. ကျွန်တော် အက ကျင့်မလို့"
"မနားဘူးလား?"

နေ့လည်က ရိုက်ကူးရေးက ပင်ပန်းမှန်း သိနေတာမို့ yoshi hyung ၏ အမေးကို ခေါင်းခါပြလျှက်
"ကျွန်တော် စိတ်ညစ်နေတယ်ဗျာ"
"ပြောပြချင်ရင်  Hyung studio ခန်းထဲရှိနေမယ်နော် "
"ဟုတ်ကဲ့။ ကျေးဇူးပါhyung "
အကိုနှစ်ယောက်က practice room အပြင်သို့ အတူတူသွားသည့်ကို ငေးကြည့်မိသည်။ ချစ်ရသူကို ပိုင်ဆိုင်ရတာ သိပ်ကောင်းတာပါ့လား..

သီချင်းတစ်ပုဒ်ကို ရွေးဖွင့်ကာ စိတ်ရှိတိုင်း က လိုက်၏။ beat ထဲမှာ ခန္ဓာကိုယ်ကို  မြုပ်နှံကာ လှုပ်ရှားစေတော့  ခံစားမှုတွေ ပျောက်ကွယ်ကုန်၏။ မောဟိုက်လာမှု နဲ့ ချွေးစက်တွေနှင့်အတူ   ခံစားချက်တွေဟာ စီးဆင်းသွားလေသလား?မှန်သားထက်က ချွေး‌ေတွ ရွဲစိုနေသည့်ကိုယ့် ပုံရိပ်ကိုယ် ပြန်ငေးကြည့်မိသည်။ ဘာကြောင့်များ ချောကလက်လေးက မုန်းနေပါလိမ့်?

ခနနားကာ ဖုန်းကို ဖွင့်ရင် weverse ကို ဝင်လိုက်သည်။ ဝင်ဝင်ချင်းပဲ  *Haruto ဒီနေမအားဘူးလား?* ဆိုသည့် စာသားတစ်ကြောင်းတည်း တင်ထားသော post ကို အခုနှစ်ဆယ်မက တွေ့လိုက်ရ၏။ *အင်း ဒီနေ့ schedule ရှိတယ် * ဟု reply ပြန်ကာ တစ်ခြား #to_Haruto  နဲ့တင်ထားသည့်postတွေကိုလဲ  reply ပြန်လိုက်၏။

Fan တွေနဲ့ စကားပြောလိုက်လို့ထင်..ဝမ်းနည်းမှုထဲမှာ ပျော်ရွှင်ခြင်းက တစ်စတစ်စ နယ်ချဲ့လာ၏။ စိတ်အခြေအနေအတော်ကောင်းလာပီမို့ နှုတ်ဆက်ကာ အရင်နေ့က ရိုက်ထားသော ပုံလေးအချို့ကိုပါ တင်ပေးလိုက်သည် ။ caption ကတော့ Thank you Treasure Maker 🤎🦋 ဆိုပီးတော့သာ. .

TREASURE Short story collectionWhere stories live. Discover now