ည အမှောင်ကား နက်သထက် နက်လာ၏။ ရေးရေးမျှသော လရောင်ဟာ လမ်းမီးများကို ဖောက်ဖြတ်မလာနိုင်သည်မို့ မီးမထွန်းထားသော အခန်းအတွင်း အမှောင်ထုက ကြီးစိုးနေ၏။ တိတ်ဆိတ်နေသော ညအလယ် အိမ်ဘေးဘက်စီမှ ပျံ့လွင်လာသော ကြောင်အော်သံဟာ စူးရှစွာ။ လမ်းမီးတိုင်စီမှ အလင်းကလည်း ခြောက်ကပ်၊အထီးကျန်စွာ ဖြာကျနေသည်။
အိပ်ခန်းငယ်အတွင်း ကောင်ငယ်လေးတစ်ယောက်က တော့ တုန်ရီသော ကိုယ်ငယ်လေးနဲ့ အတူ မျက်စိစုံမှိတ်ကာ ထိုင်နေ၏။ သူ မအိပ်ရဲပါ.. ကြောက်ရွံ့မှုက နှလုံးသားဝယ်ကြီးစိုးနေ၏။ နာရီ စက္ကန့်သံ တချောက်ချောက် သာကြားနေကသော အခန်းအတွင်း တစ်ချက်တစ်ချက် ထွက်ပေါ်လာသော ရှိုက်သံငယ်ဟာ သူ့နှလုံးသားထဲက ကြောက်ရွံ့မှုကို ဖော်ပြနေသယောင်။ သူ အကူအညီလဲ မတောင်းရဲပါဘူး... အရာအားလုံးဖျက်ဆီးခံရလိမ့်မယ်
"တော်လောက်ပီ ကလေးငယ်"
ထိုအသံကိုကြားသောအခါ ကုတင်ပေါ်ရှိ ကောင်ငယ်လေး၏ ခန္ဓာကိုယ်ဟာ တုန်ခါသွားပီး ကြောက်ရွံ့သွားဟန်နှင့် စောင်တွေကို ဆွဲယူလိုက်သည်။ တရိပ်ရိပ် နီးကပ်လာသော လူလိုလို အရိပ်က အေးစက်စွာရယ်သည်။ သူ့ရယ်သံက ငရဲကနေ တက်လာသော မကောင်းဆိုးဝါးရယ်သံအလား...
သွေးလိုနီတဲ့ မျက်ဝန်းတွေကသာ အမှောင်ထဲမှာ မြင်နေရပီး ထိုမျက်ဝန်းတွေက မီးတောက်လောင်နေသလိုပင်..
"မကြောက်ပါနဲ့..မင်းရဲ့ ကြောက်ရွံ့မှုတွေက ကိုယ့်ကို ပိုမိုသန်မာလာစေတယ်ဆိုတာ မေ့လို့မဖြစ်ဘူးလေ"
အေးစက်လှသော စကားသံနှင့်အတူ ကောင်ငယ်လေး၏ သိုင်းယှက်ထားသော လက်တွေက ဖယ်ချခြင်းခံလိုက်ရသည်။ ရုန်းကန်ရန် လုံလောက်သော ခွန်အား မရှိပါ.. မြန်ဆန်လာသော အသက်ရှုသံတွေနှင့်အတူ ကောင်ငယ်လေးကား အရိပ်ဏ္ဌာန်လူ၏ လက်ဝယ်အတွင်း ကျဆင်းခဲ့ရတော့သည်။။
။"Ruto ညက အိပ်မပျော်ဘူးလား?"
"ဟမ် .. အော် ..အင်း"
"ဘာဖြစ်နေတာလဲ စိတ်နဲ့ လူနဲ့မကပ်သလိုပဲ မတက်မကြွနဲ့"ညက ခြောက်ခြားဖွယ်ရာ အဖြစ်ဆိုးကို ကြုံတွေခဲ့ရသူဟာ အဘယ်မှာ ပျော်ရွှင် တက်ကြွနိုင်မည်နည်း? ဘာမှ မသိသော Mashiho ကို ပြုံးရုံသာ ပြုံးပြကာ အဝတ်ကို ယူရင်း မှန်တွေကိုသုတ်နေလိုက်၏။