Gyutto (1)

307 32 45
                                    

"Yedama ဒီ file လေး ကူညီပါအုံး "
"Yedamie အမကို မနေ့က Flieလေး မိတ္တူ ကူးပေးပါအုံး"

အလုပ်ကို ‌စရောက်ရောက်ခြင်းမှာပဲ  အစုလိုက်အပြုံလိုက်‌ေရာက်လာတဲ့ အလုပ်တွေကြောင့် သက်ပြင်းအသာချလိုက်၏။ စိတ်ရှုပ်ပေမဲ့ ကိုယ်ကအငယ်ဆို တော့ လုပ်ပေးရမှာပေါ့.. 

အပေါ် coat အင်္ကျီကိုချွတ်ကာ ထိုင်ခုံမှာ ချိတ်ရင်း မနေ့က ထားခဲ့သည့် File ကို မိတ္တူသွားကူးလိုက်၏။ Jaden စားသောက်ကုန်က ထပ်ပီးထုတ်လုပ်မဲ့  ခေါက်ဆွဲအကြောင်းစာတမ်းဖိုင်တွေမို့ အမှားအယွင်းမရှိအောင် ဂရုစိုက်ရ၏။

Bang Yedam ဆိုတဲ့ သူက Jaden စားသောက်ကုန်လုပ်ငန်း ရဲ့ ကုန်ပစ္စည်းအသစ်စမ်းသပ်ထုတ်လုပ်ရေးဌာနက သာမာန်ဝန်ထမ်းလေးသာ။ အိမ်မက်တွေအများကြီးရှိတဲ့ ဝန်ထမ်းလေးပေါ့။ Yedam ရဲ့ တကယ့်အိမ်မက်ကတော့ ရသစာပေစာရေးဆရာဖြစ်လာဖို့ပါ။ အဲ့တာကြောင့်လဲ အားလပ်ချိန်တိုင်း ဝတ္ထုတွေကို ဖန်တီးနေတတ်သည်။

"CEO..ဒီတစ်ခါ Project က မဖြစ်နိုင်ဘူးနော် ၊ အဲ့လိုဆုံးဖြတ်ချက်ချလို့ အရှုံးတွေပေါ်ရင် ဘယ်လိုလုပ်မှာလဲ? ဈေးကွက်ထဲမှာလဲ မရှိသေးဘူးလေ"
"ခင်များတို့ အတွေးတွေ အဲ့လောက် ထုံအူနေပီလား? ဈေးကွက်ကို မတူညီတာတွေနဲ့ ထိုးဖောက်ရမှာပေါ့!! ...ခက်များ ရူးသွားတာလား?!!"
"ဒါပေမဲ့--"
"တော် !! ခင်များ ကျွန်တော် ဒေါသပိုထွက်မလာခင် ရပ်လိုက်တော့"
မိတ္တူစက်ရှိတဲ့အခန်းထဲကနေ အသာခေါင်းထွက်ကြည့်လိုက်‌ေတ့ာ အသက် ၃၀အရွယ် ဦးလေးကြီးတစ်ယောက်နဲ့အတူ အနီရောင် ဆံနွယ်တို့နှင့်လူသားကို တွေ့လိုက်ရသည်။

အနီရောင် ဆံပင်ပိုင်ရှင်က ဦးလေးကြီးကို အတော်ဒေါသထွက်နေပုံရ၏။ Yedam လဲ ဆက်မကြည့်တော့ပဲ မိတ္တူကို မြန်မြန်ကူးလိုက်သည်။ သူတို့ရန်ပွဲထဲ ဆွဲသွင်းခံရရင် တစ်ခါတည်း အလုပ်ပြုတ်နေမယ် ။

အနီရောင်ဆံနွယ်တွေနဲ့လူသား ဒါမှမဟုတ်ရင် Yedam အထက်တန်းကတည်းက တိတ်တခိုးသဘောကျနေရတဲ့ ထိုလူသား  ။  ကွာခြားလွန်းတဲ့ အဆင့်အတန်းတွေကြောင့် အဝေးကသာငေးကြည့်နေရ၏။ မမှီတဲ့ပန်းကို မြတ်နိုးမိတော့လဲ နာကျင်ရ‌တာပေါ့... ထိုလူသားဘေးနားက နတ်သမီးလိုဖြစ်တည်မှုတွေနဲ့တော့ ယှဉ်နိုင်စွမ်းမရှိပါဘူး ။ သိမ်ငယ်စိတ်ကြောင့်ဘခေါင်းကိုငုံကာ ပုခုံးသာကျုံ့ထားလိုက်၏။ Yedam ဒီ  Company မှာဆက်ရှ်ိနေရတာလဲ ထိုလူသားကြောင့်သာ.. Yoshinoriနားမှာသာ ရှိနေခွင့်ရမယ်ဆိုရင်  Yedam ဘယ်အရာကိုမဆို ခေါင်းငုံခံနိုင်ပါတယ်။

TREASURE Short story collectionWhere stories live. Discover now