Part-1

123 10 2
                                    

Unicode

အချစ်ရေးပညာရှင်တွေပြောဆိုချက်အရ85%‌သောလူ‌တွေရဲ့အချစ်ဦးဟာထိုလူရဲ့မှီးကောင်ပေါက်အရွယ်16နှစ်မှာစတင်တွေ့ရှိကြတယ်တဲ့။

ဒါပေမယ့်ကျမရဲ့အချစ်ဦးကိုတော့ကျမလူမှန်းစသိတတ်တဲ့5နှစ်အရွယ်တည်းကစတင်တွေ့ရှိခဲ့တယ်ဆိုယုံမယ့်လူများရှိပါ့မလား။

ဒါပေမယ့်ဒါဟာအမှန်တရားပါပဲကျမရဲ့အချစ်ဦးကိုကျမကျောင်းစတက်တဲ့အသက်5နှစ်အရွယ်မှာစတင်တွေ့ရှိခဲ့တယ်။

သူကအဝါရောင်တွေကိုနှစ်သက်တယ် ကျမအမြင်မှာတော့သူဟာအပြာရောင်လေးတွေနဲ့သိပ်ကိုလိုက်ဖတ်လွန်းတယ်သူဟာမိုးကောင်းကင်ကဘုရားသခင်ဖန်ဆင်းပေးလိုက်တဲ့နတ်သားကြွေရုပ်လေးလိုပါပဲ။

ကျမပြောပြမယ့်အကြောင်းအရာလေးကကျမရဲ့အချစ်ဦးလေးနဲ့ဖြတ်သန်းကုန်ဆုံးခဲ့တဲ့နေ့ရက်တွေအကြောင်းဖြစ်ကောင်းဖြစ်နိုင်သလိုကျမဘက်ကစိတ်ကူးရင်ခဲ့ရတဲ့အကြောင်းတွေလဲဖြစ်နိုင်ပါတယ်။

ကျမရဲ့အချစ်ဦးကကျမရဲ့အခင်ဆုံးသူငယ်ချင်းပါပဲမူကြိုစတက်တည်းကကျမနားအမြဲရှိပြီးကျမကိုကာကွယ်ပေးခဲ့တဲ့သူပေါ့ဒါပေမယ့်ကျမတို့ကြားခြားထားတဲ့စည်းကရှိနေပြန်တော့သူဟာကျမအတွက်ထာဝရအချစ်ဦးလေးပါပဲ။

ကျမတို့ဇာတ်လမ်းမှာကျမဘက်ကကြည့်ရင်ဖြင့်ရင်နာစရာအကြောင်းအရာမှာရှိကောင်းရှိနိုင်ပါလိမ့်မယ် သို့သော် ကျမသူ့ကိုချစ်တဲ့စိတ်နဲ့ကျမတို့နေ့စဉ်အတူဖြတ်သန်းကြတဲ့နေ့ရက်တွေဟာချိုမြိန်နိုင်လောက်ပါတယ်လေ။

"ဟယ်ဝန်းနား ပြီးပြီလားသွားမယ်"

အိမ်ရှေ့ကနေစက်ဘီးဘဲလ်တီးကာအော်ခေါ်နေတဲ့အသံ သေချာပါတယ် အနည်းငယ်ဩပေမယ့်ချိုသာလှတဲ့အသံဟာကျမရဲ့တစ်ဦးတည်းသောသူငယ်ချင်း ဂင်မ်ထယ်ရယ် အသံမှတပါးမဖြစ်နိုင်ပါ။

"အစောကြီးရှိနေတာကိုဘာတွေလောနေတာလဲငါနင့်အတွက်နေ့လည်စာထမင်းဘူးတောင်မပြင်ရသေးဘူး"

အခန်းထဲကနေထွက်ပြီးခြံဝန်းရှေ့ကထယ်ရယ်ကိုကျမအော်ပြောလိုက်ပါသည်

ထယ်ရယ်အမေကအလုပ်အရမ်းများတဲ့ဆရာဝန်မို့ထယ်ရယ်အတွက်ထမင်းဘူးမပြင်ပေးနိုင်တာကြောင့်အလယ်တန်းဒုတိယနှစ်တည်းကကျမပဲ‌သူ့အတွက်နေ့လည်စာပြင်ပေးနေကြပင် ဟင်းချက်ရတာကျမဝါသနာရယ်လို့မဟုတ်ပေမယ့် ထယ်ရယ်တောင်းဆိုမှုကြောင့်ဝါသနာတစ်ခုလိုဖြစ်လာခဲ့သည်မှာအခုအထက်တန်းနောက်ဆုံးနှစ်တောင်ရောက်လာခဲ့ပြီ။

"ရတယ်မလိုဘူးငါနေ့လည်ကျအခန်း2ကယယ်နာနဲ့သွားစားမှာ ညကစာပို့တယ်ငါ့အတွက်နေ့လည်စာပြင်လာပေးမယ်တဲ့"

ထယ်ရယ်စီကနေဒီလိုစကားမျိုးကြားရတာကျမအတွက်ဒါဟာပထမအကြိမ်မဟုတ်ပါ တစ်လမှာကောင်မလေးအနည်းဆုံး၅ယောက်လောက်ရှိတဲ့ထယ်ရယ်ကသူကောင်မလေးအသစ်ရတိုင်းကျမပြင်ပေးတဲ့နေ့လည်စာထမင်းဘူးကိုငြင်းနေကြပင်

블루밍 Blueming Where stories live. Discover now