Part-2

38 8 1
                                    

Unicode

ထယ်ရယ်ကိုကျမဘယ်အချိန်ကစချစ်ခဲ့လဲဆိုတာကျမကိုယ်တိုင်လဲသေချာမသိပါဘူးသေချာတာတစ်ခုကသူဟာကျမအတွက်တစ်ဦးတည်းအပြင်မရှိနိုင်တော့တဲ့အချစ်ဦးပါပဲ။

အလယ်တန်းနှစ်ကစတင်တယ်ပြောရမလားဒါမှမဟုတ်ဟိုးမူလတန်းပိစိအရွယ်တည်းကစတင်တယ်ပြောရမလားထယ်ရယ်အပေါ်ထားတဲ့အချစ်ကကျမရင်ထဲငယ်စဉ်ထဲကရှိနေတာတော့မမှားနိုင်ပါ။

5နှစ်ဆိုတဲ့အရွယ်ကထယ်ရယ်နဲ့ကျမဘယ်လိုပုံစံရှိခဲ့ကြလဲဆိုတာသေချာမမှတ်မိပေမယ့် ကျမမေမေနဲ့ထယ်ရယ်မေမေပြောပြပုံအရထယ်ရယ်ဟာကျမကိုအမြဲကာကွယ်ပေးတယ်ဆိုတာအတွေးထဲတရိပ်ရိပ်တော့ပေါ်မိပါသည်

ဂင်မ်ထယ်ရယ် နှင့် ရှင်းမ်းဟယ်ဝန်းတို့၏ စတွေ့ချိန်5နှစ်အရွယ်

ငယ်စဉ်တည်းကအရှက်အကြောက်ကြီးတဲ့ဟယ်ဝန်းအဖို့မူကြိုတက်ရတယ်ဆိုတာတကယ်မလွယ်လှပါ။

အများကိုအလျော့ပေးတက်ပြီးဗိုလ်ကျသမျှခေါင်းခံတတ်တဲ့ဟယ်ဝန်းအကျင့်ကြောင့်မူကြိုကျောင်းဖြစ်သော်လဲဟယ်ဝန်းစီကကစားစရာလုပြီး အနိုင်ကျင့်တဲ့ဗီဇမွေးတည်းကပါတဲ့ကလေးများလဲရှိနေပြန်ပါသည်။

"ရားရှင်းမ်းဟယ်ဝန်း နင့်အရုပ်ငါ့ကိုပေး"

အခုလဲကြည့်ကိုယ်အရုပ်နဲ့ကိုယ်ဆော့ချိန်တောင်ဟယ်ဝန်းအရုပ်ကိုလာလုပြန်တဲ့ကလေးတစ်‌ယောက်ဒီတစ်ခါတော့အသစ်ရထားတဲ့အရုပ်လေးမို့ဟယ်ဝန်းဘယ်သူ့ကိုမှမပေးနိုင်ပါ

"ဟင့်အင်းမေမေမနေ့ကမှဝယ်ပေးထားတာမပေးဝူး"

"ပေးဆိုဟာ"

ဟယ်ဝန်းစီကနေအရုပ်အတင်းလုကာထွက်သွားတဲ့ကလေး ဟယ်ဝန်းအရုပ်ကိုသူ့အရုပ်လိုပျော်မြူးစွာဆော့နေပေမယ့် ဟယ်ဝန်းကတော့အသစ်ရတဲ့အရုပ်လေးသူများလက်ထဲပါသွားတာကြောင့်မျက်ရည်များနှင့်သာ

"ဘာလို့ငိုနေတာလဲ"

တိတ်တဆိတ်ငိုနေတဲ့ဟယ်ဝန်းဘေးနားထိုင်ကာနှုတ်ခမ်းလေးထော်ပြီးလာမေးတဲ့ကလေးတစ်ယောက်

"မေမေကအရုပ်သစ်ဝယ်ပေးတာကိုသူလုသွားလို့"

ထို‌ကလေးကိုဟယ်ဝန်းငိုနေရင်းပင်အရုပ်လုတဲ့ကလေးမအားညွှန်ပြပြီးပြောပြလိုက်ပါသည်

ရုတ်တရတ်ကောင်လေးကဟယ်ဝန်းဘေးကနေထသွားပြီးခနအကြာဟယ်ဝန်းအရုပ်လေးနဲ့အတူဟယ်ဝန်းနားပြန်ရောက်လာတော့သည်

"ရော့နင့်အရုပ်ငါပြန်ယူလာပေးတာမငိုနဲ့တော့နော်"

ပါးပေါ်ကပါးချိုင့်လေးပေါ်သည်အထိပြုံးပြကာလက်တစ်ဖက်ကဟယ်ဝန်းအရုပ်လေးကိုပြန်ပေးပြီးလက်တစ်ဖက်ကဟယ်ဝန်းမျက်နှာထပ်ကမျက်ရည်များကိုသုတ်ပေးကာ
ကာကွယ်ပေးတဲ့ပိစိကောင်လေးတစ်ယောက်အသက်5နှစ်ကလေးနဲ့တောင်မတူ

블루밍 Blueming Where stories live. Discover now