Unicode
ထယ်ရယ်နဲ့ကျမတူတူဖြတ်သန်းတဲ့နေ့ရက်တွေဟာတူညီနေစဲပါ
ထယ်ရယ်လဲကျမကိုအရင်ကအတိုင်းလိုက်စနောက်တတ်သလိုကာကွယ်ပေးတဲ့အချိန်လဲရှိမြဲရှိစဲပါပဲ ပြောစရာမလိုလောက်အောင်ရည်းစားကလဲရှုတ်တုန်းပဲပေါ့
ဂယူဘင်းနဲ့ကျမလဲအရင်ကထပ်ပိုခင်လာတဲ့အပြင်ထယ်ရယ်လဲဂယူဘင်းကသူထင်သလိုယောက်ျားတစ်ယောက်မဟုတ်ကြောင်းသိလာပြီမို့ဂယူဘင်းနဲ့ပတ်သတ်ပြီးထယ်ရယ်ကျမကိုစိတ်မပူတော့ပါ
သို့သော်ထယ်ရယ် ဂယူဘင်းနဲ့ပတ်သတ်ပြီးကြောက်တဲ့စိတ်တစ်ခုရှိနေတာကျမသိပါသည်
အားတဲ့ချိန်တိုင်းလိုလိုထယ်ရယ်ကျမနဲ့ဂယူဘင်းစီရောက်လာတတ်ပြီးဂယူဘင်းနဲ့လဲသူငယ်ချင်းတွေဖြစ်လာခဲ့ပါပြီ
အကြောင်းကဂယူဘင်းနဲ့ကျမအရမ်းခင်ပြီးဂယူဘင်းကသူ့နေရာအစားလုယူသွားမှာကိုထယ်ရယ်ကြောက်နေခြင်းကြောင့်ဆိုတာ
ကျမကောင်းစွာရိပ်မိပါသည်သို့သော်ထယ်ရယ့်အတွက်ရောကျမအတွက်ရောသူငယ်ချင်းတစ်ယောက်ရလဲမနည်းတာမို့ ကျမတို့3ယောက်ကြားဆက်ဆံရေးလေးကိုယခုလိုမပြောင်းမလဲရှိစေချင်မိသည်
"ကဲမနက်ဖန်လေ့လာရေးခရီးကိုမိဘလက်မှတ်မပါရင်မလိုက်ရဘူးနော် အတန်းဆင်းမယ်"
ခရီးအကြောင်းပြောပြီးအတန်းပိုင်ဆရာမထွက်သွားပါသည်
"ဟယ်ဝန်းနားမနက်ဖန်ကားပေါ်တူတူထိုင်မယ်နော်"
"အင်းရတယ်လေဆရာမသာယောက်ျားလေးမိန်းကလေးခွဲမထိုင်ခိုင်းရင်"
စည်းကမ်းအရမ်းမတင်းကြပ်တဲ့ကျောင်းပေမယ့်တစ်ခါတစ်လေဇီဇာကြောင်တဲ့အတန်းပိုင်ဆရာမအပျိုကြီးကြောင့်ဂယူဘင်းကမ်းလှမ်းချက်ကိုလက်ခံသော်ငြားအပြည့်အဝတာဝန်မယူနိုင်တာမို့ကျမကြိုတင်ကာကွယ်ပြီးပြောလိုက်ရပါသည်
"အင်းဒါနဲ့ထယ်ရယ်ရောလိုက်မှာမှတ်လား"
"ထယ်ရယ်ဆိုလို့ မနက်ဖန်ကမိဘလက်မှတ်ပါမှရမယ်ပြောသွားတာမှတ်လား အဲ့တာမှပြသနာပဲထယ်ရယ်မေမေကနယ်ဆေးရုံကိုတစ်ပတ်စစ်ဆေးရေးဆရာဝန်အနေနဲ့သွားကူနေတာ"
ထယ်ရယ့်မေမေနယ်တာဝန်ရက်ဖြစ်သွားတာမို့ထယ်ရယ်တစ်ယောက်တည်းဖြစ်ကာလက်မှတ်ထိုးပေးမယ့်လူမရှိတာကျမမေ့သွားခဲ့၏။
"ထယ်ရယ်ကျန်ခဲ့တော့မှာပဲ"
"ငါထယ်ရယ်စီခနသွားလိုက်ဦးမယ် စားသောက်တန်းမှာစောင့်နေနော်"
ဂယူဘင်းကိုစကားမှာပြီးကျမထယ်ရယ်ရှိလောက်မယ်ထင်တဲ့နေရာကိုအပြေးထွက်လာပါသည်
ဂင်မ်ထယ်ရယ်ဆိုသည်မှာလက်မှတ်လိုအပ်တယ်ဆိုတာသိပေမယ့်ထိုးပေးမယ့်လူမရှိဘူးဆိုပြီးကျန်နေခဲ့မယ့်အပြင်ကျမကိုပါမသွားရအောင်လုပ်မယ့်လူဆိုတာကျမကောင်းကောင်းသိသောကြောင့်အပြေးသွားရှာရခြင်းသာ။
![](https://img.wattpad.com/cover/337394287-288-k384486.jpg)
YOU ARE READING
블루밍 Blueming