Part-5

27 6 0
                                    

Unicode

"ကားကိုအခန်းတွေရောမစီးပဲကိုယ့်အခန်းနဲ့ကိုယ်စီးမယ်နော် လေ့လာရေးဆိုပေမယ့်အ‌ပျော်ခရီးပဲမို့လို့ထိုင်ချင်တဲ့လူနဲ့ထိုင်လို့ရ‌ပေမယ့်အတွဲ‌တွေဆရာမ‌တွေကိုမျက်စိနောက်အောင်မလုပ်ကြနဲ့နောက်၁၅မိနစ်နေရင်ကားထွက်မယ်"

တန်းစုမှူးဆရာမရဲ့လော်စပီကာမလိုတဲ့အသံကိုကြားရတော့ထယ်ရယ်စိတ်ပျက်သွားမိသည်

နှစ်တိုင်းဟယ်ဝန်းနဲ့အခန်းတူတာကြောင့်နှစ်တိုင်းခရီးသွားရရင်အတူတူထိုင်နေကြပေမယ့်ဒီနှစ်မှအခန်းကွဲသွားတာကြောင့်ဒါဟာပထမဆုံးခွဲထိုင်ရခြင်းပင်

"ဟယ်ဝန်းနားငါတို့အတူတူထိုင်လို့ရပြီ"

ထယ်ရယ်တစ်‌ယောက်ကျမနဲ့အတူမထိုင်ရလို့စိတ်ပျက်လက်ပျက်ဖြစ်နေပေမယ့်ဘေးကဂယူဘင်းကတော့အူမြူးစွာနဲ့လာပြော၏

"ချော်န်ထယ် ဘာဖြစ်နေတာလဲမျက်နှာကချော်န်ထယ်ဆိုတဲ့နာမည်နဲ့တောင်မလိုက်ဘူး"

ခေါ်နေကျနာမည်ပြောင်ကိုခေါ်ပြီးကျမထယ်ရယ်ကိုလှမ်းစလိုက်ပါသည်

"ငါနင်တို့အခန်းကကားပေါ်ခိုးလိုက်လို့မရဘူးလား"

"ရူးနေလားဆရာမတွေလူစစ်မယ့်ဟာကို အခုထိငါ့ကို၅နှစ်လို့ထင်နေသေးတာလား"

ကျမကိုပဲစိတ်ပူတာလားတမင်လိုက်ကပ်နေတာလားမသိ ကျမကိုပိတ်ပင်တားမြစ်လိုက်  လိုက်ဂရုစိုက်ပေးလိုက်လုပ်တာကျမအဖေထပ်တောင်ပိုဆိုး‌ပါသည်

"ငါရှိပါတယ်မပူပါနဲ့ဟယ်ဝန်းကိုမနေ့ကလိုဘယ်သူမှဒုက္ခမပေးနိုင်ပါဘူးစိတ်ချ"

ကျမကိုစိုးရိမ်နေတဲ့ထယ်ရယ်ကိုဂယူဘင်းကပုခုံးသွားဖက်ပြီးသူရှိတာကြောင့်မစိုးရိမ်ဖို့ပြောလိုက်ပါသည်

"မင်းကတကယ်ရောယုံရလို့လား"

"မနေ့ကဟယ်ဝန်းကိုအရင်ကာကွယ်ပေးခဲ့တာငါပါနော်"

"ကာကွယ်တယ်ဆိုရေမကျခင်တည်းကရှင်းမ်းဟယ်နေရာမင်းဝင်ခံလိုက်ပါလားငါသာမင်းနေရာဆို ရှင်းမ်းဟယ်ကိုရေပေးစိုမှာမဟုတ်ဘူး"

"ငါ့နေရာနဲ့ရေကျတဲ့နေရာကဆိုးလ်နဲ့ဂျယ်ဂျူဒိုလောက်ထိဝေးနေတာကိုဘယ်လိုအမှီသွားရမှာလဲ စူပါမန်းလိုငါကပျံနိုင်တာမှမဟုတ်တာ"

"ကဲတော်ပြီချောန်ထယ်နင်လဲငါနဲ့မထိုင်ရလို့လဒမှိုင်ပြီးဂယူဘင်းကိုအကြောင်းရှာမနေနဲ့မနေနဲ့ကားလေး၄နာရီလောက်စီးရတာလေးကို ပြီးတော့ ဂယူဘင်းနင်လဲငါ့ဘေးမှာထိုင်ရင်ငြိမ်ငြိမ်နေ"

ယောက်ျားလေးတွေဖြစ်ပြီးမတ်တပ်ကြီးအသားကုန်ငြင်းနေကြတဲ့နှစ်ယောက်ကိုကျမအော်ပေးလိုက်မှငြိမ်ကျသွားတော့သည်

တစ်ဆက်တည်းမှာပဲတန်းစုမှူးဆရာမရဲ့ကားပေါ်တက်ဖို့အချက်ပေးသံကြောင့်ခရီးသွားမယ့်ကားပေါ်ကိုကိုယ့်အခန်းလိုက်နေရာယူရပါတော့သည်

블루밍 Blueming Where stories live. Discover now