Part-6

16 6 0
                                    

Unicode

"ရား ဂင်မ်ထယ်ရယ် နင်တို့အခန်းကတောလည်ထွက်ကြတယ်မဟုတ်ဘူးလား ဘာလို့ငါတို့နဲ့ကျန်ခဲ့တာလဲ"

တစ်ကျောင်းလုံးအတန်းတူတွေလေ့လာရေးခရီးတစ်နေရာတည်းလာကြပေမယ့် အခန်းတွေကမတူကျောင်းသားကျောင်းသူတွေကများတာကြောင့် တောတွင်းအပင်တွေနဲ့သဘာဝတရားကိုလေ့လာရတဲ့ အလွယ်ခေါ်တောလည်ထွက်ရတာကို သူ့အခန်းနှင့်သူအချိန်ခွဲထားပေးသော်လဲထယ်ရယ်သူ့အခန်းနှင့်အတူမလိုက်သွားပဲ
ကျမနားလာကပ်နေတာကြောင့်မေးလိုက်ခြင်းသာ။

"ဒီတိုင်းနင်တို့နဲ့မှသွားမလို့"

"အတူသွားမယ့်သူငယ်ချင်းကငါတို့ပဲရှိတာလား"

ဘေးနားကနေဂယူဘင်းကအညှောင့်ဆိုသလိုဘုဆက်ဆက်နဲ့ထမေးတော့ထယ်ရယ်ကဘုကြည့်ပြန်ကြည့်ပြီး

"မင်းလိုပေါင်းစရာလူမရှိလို့ ရှင်းမ်းဟယ်နဲ့ငါ့နားပဲကပ်နေလို့ရတဲ့လူလို့ထင်နေတာလား"

ထယ်ရယ်နဲ့ဂယူဘင်းကအရင်တည်းကသိပ်တည့်ကြတာမဟုတ်ပေမယ့်အခုရက်ပိုင်းပိုဆိုးလာသလိုကျမစိတ်ထဲထင်နေမိပါသည်။

နှစ်ယောက်သားစကားပြောချိန်ရန်လိုတဲ့လေသံမပါရင်မပြီးပြန်

"နင်တို့နှစ်ယောက်စလာပြန်ပြီးရန်ဖြစ်ချင်ရင်ဒိုးလူလစ်တဲ့နေရာမှာသွားဖြစ်ကြငါ့ရှေ့လာမဖြစ်နဲ့"

ကျမပြောလိုက်တော့မှာငြိမ်သွားကြတဲ့2ယောက်တွေ့တာနဲ့ငြင်းခုံနေကြတာတကယ့်ကိုကြောင်နဲ့ကြွက်တွေလိုပင်

တောလည်ထွက်ချိန်ရောက်လာတော့ထယ်ရယ်လဲကျမတို့နဲ့အတူလိုက်ပါလာပါသည်

ဆရာမများကထယ်ရယ်သူ့အခန်းနဲ့တူတူမသွားတာသိသော်လည်းထယ်ရယ့်အားမဆူကြပါ

ထိပ်တန်းကျောင်းသားတစ်ယောက်ကိုဆူတဲ့ဆရာမဆိုတာကိုရီးယားသမိုင်းမှာရှိမှမရှိတာ

ဒရမ်မာတွေထဲကလိုမင်းသမီးကကျောင်းနဲ့တော့လည်ထွက်ချိန်တောထဲလမ်းပျောက်ရင်မင်းသား2ယောက်ကလာကယ်လမ်းပြပေးသလိုဖြစ်ချင်ခဲ့သော်လည်း တကယ့်တကယ်လမ်းပျောက်သွားတာကျမ မဟုတ်ခဲ့ပါ။

တောလမ်းမြေပုံတွေကိုကျွမ်းကျင်လွန်းတဲ့
ကျမအတွက်တောထဲလမ်းပျောက်တာမျိုးကမရှိလာနိုင်သော်လည်း တောလည်တစ်ခါမှမထွက်ဖူးတဲ့ဂယူဘင်းတစ်ယောက်တောထဲလမ်းပျောက်သွားလို့ ကျမကသာဦးဆောင်လမ်းပြပြီးလိုက်ရှာခဲ့ရပါသေးသည်။

ဂယူဘင်းလဲဘေးကင်းကင်းနဲ့အိမ်ဆောင်နေရာကိုပြန်ရောက်တော့မိုးကောင်းကင်မှာမှောင်ရီစပျိုးလာပါပြီ

ညနေစာအတွက်အတန်းဖော်တွေကိုယ်တိုင်ချက်ပြုတ်စားရမယ်ဖြစ်၍ကျမတို့အတန်းကတော့လွယ်ကူရိုးရှင်းတဲ့ အသားကင်တစ်ချို့ကိုသာကင်စားလိုက်ကြပါသည်

အခန်းအသီးသီးရဲ့မီးပုံပွဲညလေးကိုပါဖြတ်သန်းကြရင်း သန်းခေါင်ယံချိန်ရောက်သည့်အခါမှာတော့ ကိုယ်စီအိပ်ဆောင်သို့ပြန်ပြီးအိမ်ပြန်ခရီးဆက်ဖို့အတွက်အားအင်စုကာအိပ်ဖို့ပြင်ကြပါသည်

You've reached the end of published parts.

⏰ Last updated: May 21, 2023 ⏰

Add this story to your Library to get notified about new parts!

블루밍 Blueming Where stories live. Discover now