Part- 3

31 7 1
                                    

Unicode

ထယ်ရယ်ကျမတခြားသူစီပါသွားမှာကိုကြောက်တဲ့အတ္တလောဘရှိတာဟာ ငယ်စဉ်တည်းကမိသားစုဆိုတဲ့ခံစားချက်ကိုကောင်းစွာမခံစားဖူးခဲ့ခြင်းကြောင့်ဖြစ်ပါလိမ့်မည်

ထယ်ရယ်မိဘတွေဟာမိဘပေးစားလို့အိမ်ထောင်ကျကာထယ်ရယ်မွေးဖွားလာတဲ့အထိချစ်ခြင်းမပါတဲ့အိမ်ထောင်ဖြစ်သောကြောင့်ဖြစ်နိုင်ပါသည်

ထယ်ရယ်လေးစိတ်မကောင်းဖြစ်မှာဆိုး၍သာထယ်ရယ်မိဘတွေဟာထယ်ရယ်အသက်၈နှစ်ရောက်သည်အထိအိမ်ထောင်သက်တမ်းကိုဆွဲဆန့်‌ခဲ့သော်ငြားအဆင်မပြေနိုင်တော့တဲ့အိမ်ထောင်တစ်ခုကိုထပ်ဆွဲဆန့်ဖိို့မဖြစ်နိုင်တော့အခြေအနေထိရောက်လာတာမို့အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ကြခြင်းသာ

ထယ်ရယ်မိဘတွေကွာရှင်းတဲ့အခါထယ်ရယ်ဖေဖေမှာထယ်ရယ်ကိုခေါ်ပြီးကနေဒါကိုထွက်သွားမယ်ပြောသော်လဲထယ်ရယ့်ရွေးချယ်မှူအရထယ်ရယ်မေမေနှင့်သာကိုရီးယားမှာနေခဲ့ပါသည်

သို့သော်ထယ်ရယ်မေမေမှာအိမ်ကိုပြန်လာဖို့အချိန်တောင်ရှားပါးလွန်းတဲ့ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက်ထယ်ရယ့်ဘေးနားအချိန်ပြည့်မရှိပေးနိုင်ပါ

ထိုသို့အမျိုးစုံလင်လှသောအကြောင်းအရာများကြောင့်ထယ်ရယ်စိတ်ထဲတစ်စုံတစ်ယောက်သူနဲ့ဝေးကွာသွားမှာကြောက်နေသည်ကိုကျမကောင်းစွာသိပါသည်

ထယ်ရယ်စိတ်ထဲသူ့နားကနေဝေးကွာသွားပြီးတစ်ခြားသူလက်ထဲပါသွားမှာကိုအကြောက်ဆုံးက ကျမပဲဖြစ်ပါလိမ့်မယ် သို့သော် ထယ်ရယ်ကျမကိုဆွဲထားတဲ့နည်းလမ်းမှာကျမလိုချင်သောနည်းလမ်းမဟုတ်ခဲ့ပါ

ကျမတို့ရဲ့နေ့စဉ်ကျောင်းတက်ကျောင်းဆင်းကပုံမှန်အတိုင်းသာရှိနေသော်လဲကျမဂယူဘင်းနှင့်သူငယ်ချင်းဖြစ်ပြီးနောက်ပိုင်းထယ်ရယ်ကျမကိုအရင်ကလောက်စကားမပြောတော့သလိုအရင်ကလောက်ချုပ်ချယ်မှုတွေမရှိတော့

"ညနေမေမေကနင့်ကိုအိမ်လိုက်လာခိုင်းတယ် နင်ကြိုက်တဲ့ပဲခေါက်ဆွဲနဲ့ဝက်ချိုချဉ်ကြော်လုပ်ကျွေးမယ်တဲ့"

"ဒီနေ့အန်တီအိမ်မှာရှိမှာလား အန်တီလုပ်ကျွေးတဲ့ပဲခေါက်ဆွဲမစားရတာတောင်ကြာပြီ"

ထယ်ရယ်မေမေရဲ့ပဲခေါက်ဆွဲကကမ္ဘာပေါ်မှာအရသာအရှိဆုံးလို့ပြောလို့ရအောင်ပင်ငယ်စဉ်တည်းကကျမအကြိုက်ဆုံးအစားစာတစ်ခုပင်

ထယ်ရယ်မေမေရဲ့အလုပ်ကမအားမှုကြောင့်တစ်ခါစားရဖို့ဆိုတာမလွယ်လှတာမို့ကျမပျော်သွားမိသည်

"အင်းဒီနေ့တော့အချိန်ရပုံပဲအဲ့တော့လိုက်မှာလား"

"အသေချာပဲပေါ့ ညနေငါ့ကိုခနတော့စောင့်ဒီနေ့ငါသန့်ရှင်းရေးလုပ်ရမယ့်နေ့"

"အိုခေညနေဒီမှာပဲစောင့်နေမယ်"

ထယ်ရယ်စက်ဘီးအားသတ်မှတ်နေရာမှာသွားထားရမှာမို့ကျောင်းဆောင်ရှေ့မှာပဲကျမတို့အမြဲလမ်းခွဲကြပါသည်

블루밍 Blueming Dove le storie prendono vita. Scoprilo ora